သင့်မှာ အချိုဆုံး အပြုံးရှိလား ဒါမှမဟုတ် ညို့ငင်တတ်တဲ့ မျက်ဝန်းရှိလား။ ဘယ်လိုပဲ ရှိပါစေ ရာသီခွင်အလိုက် ထူးခြားတဲ့ ချစ်ဖို့အကောင်းဆုံး အရာတွေ ရှိလေ့ရှိပါတယ်။ သင့်အမူအရာကကော ဘာဖြစ်မလဲ သိချင်နေပြီလား။ အခုဖော်ပြထားတဲ့ အရာတွေကတော့ ရာသီခွင် တစ်ခုဆီအလိုက် ပိုင်ဆိုင်လေ့ရှိတဲ့ ချစ်ဖို့အကောင်းဆုံး အမူအရာတွေ ဖြစ်ပါတယ်။

ARIES

ဒီရာသီခွင်တွေက စိတ်ဝင်စားဖို့ ကောင်းပြီး မှော်ဆန်တဲ့ သူတွေပါ။ သင်က စိတ်တက်ကြွမှု ရှိပြီး ကလေးလေး တစ်ယောက်လို အမြဲ စူးစမ်းနေတတ်ပါတယ်။

GEMINI

GEMINI တွေကတော့ တခြားသူကို ရယ်အောင်လုပ်နိုင်သူတွေပါ။ သူတို့ ရယ်လိုက်ရင်လည်း ချစ်ဖို့ကောင်းပါတယ်။

TAURUS

Taurus ရာသီဖွားတွေရဲ့ ချစ်ဖို့ကောင်းတဲ့ အမူအရာကတော့ ကြင်နာတတ်တာပါ။ လူတွေကိုလည်း ကိုယ်က ချစ်ရင်ချစ်သလို ချစ်ကြောင်း ပြတတ်ကြပါတယ်။

CANCER

Cancer ရာသီဖွားတွေက အပြုံးနဲ့ ပတ်သက်ရင် ချစ်ဖို့အကောင်းဆုံးပါ။

LEO
Leo ရာသီခွင်တွေက လူချစ်လူခင် များတဲ့ စတိုင်လေးပါ။ သူတို့ ဘာလုပ်လုပ် ချစ်ဖို့ကောင်းနေတတ်ပါတယ်။

Virgo

Virgo ရာသီဖွားတွေက ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်စတိုင်ကို ပိုင်ဆိုင်ကြပါတယ်။

Libra

Libra တွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါတယ်။ ဒီအရာကြောင့်ပဲ လူတွေက Libra ရာသီဖွားတွေကို လေးစားပြီး ချစ်ကြပါတယ်။

Scorpio

Scorpio ရာသီဖွားတွေရဲ့ ထူးခြားပြီး ချစ်ဖို့ကောင်းတဲ့ အရာကတော့- လှောင်ပြုံးတတ်တဲ့ အမူအရာပါ။ ဒီလှောင်ပြုံးက အမြင်ကပ်ဖို့ မကောင်းတဲ့ အပြင် ချစ်ဖို့တောင် ကောင်းနေပါသေးတယ်။

AQUARIUS

AQUARIUS တွေရဲ့ ချစ်ဖို့ကောင်းတဲ့ အရာကတော့- လိမ္မာ ပါးနပ်မှု ရှိခြင်းပါ။

SAGITTARIUS

အကောင်းမြင်စိတ်များတဲ့ လူတစ်ယောက်နဲ့ ဆက်ဆံရတာက စိတ်ချမ်းသာဖို့ ကောင်းပါတယ်။ ဒီလို အကောင်းမြင်စိတ် များတဲ့သူတွေကတော့- SAGITTARIUS တွေပါ။

CAPRICORN

CAPRICORN တွေကတော့ ဆွဲဆောင်မှု ရှိပြီး အင်မတန်လှတဲ့ မျက်ခုံးကို ပိုင်ဆိုင်တတ်ကြပါတယ်။

Pisces

Pisces ရာသီဖွားတွေက ချုပ်ချယ်မှု မရှိဘဲ လွတ်လွတ်လပ်လပ် နေတတ်သူတွေပါ။ ဒီအရာကြောင့် ချစ်ဖို့ကောင်းနေတတ်ပြီး အနုပညာ မျက်လုံး ရှိသူတွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar