နှုတ်ခမ်းနီဆိုးတာက Eyeliner ဆွဲတာ၊ မျက်တောင်တုတပ်တာလောက်တော့ မခက်ခဲပါဘူး။ ကျွန်မတို့ အများစုဟာ နှုတ်ခမ်းနီကို နှုတ်ခမ်းပေါ် တင်ကာ လက်နဲ့ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူ ဖြန့် တတ်ကြပါတယ်။ ဒါပေမဲ့ ဒီထက် ပိုလှအောင်၊ ကိုးရီးယား နာမည်ကျော်တွေရဲ့ နှုတ်ခမ်းနဲ့ တူအောင် ဆိုးတဲ့ နည်းလမ်းရှိပါတယ်။ Lip Tint တွေက နှုတ်ခမ်းကို အလျင်အမြန် ခြောက်စေတာကြောင့် မဆိုးတတ်ရင် အဆင်မပြေနိုင်သလို နှုတ်ခမ်းခြောက်တဲ့သူတွေအတွက် မသင့်တော်လှပါဘူး။ ဒီထဲမှာတော့ နှုတ်ခမ်းခြောက်တဲ့ သူတွေအပြင် Lip Tint မသုံးတတ်သူတွေပါ ပရိုကျကျ ဆိုးနိုင်ဖို့ အဆင့်တွေကို ဖော်ပြထားပါတယ်။

အဆင့် ၁- နှုတ်ခမ်းကို အရင် ဂရုစိုက်ပါ

ညတိုင်း Lip Balm ဒါမှမဟုတ် Lip Mask သုံးသင့်တယ်လို့ ကိုးရီးယား မိတ်ကပ် Artist- Saerom Min က တိုက်တွန်းထားပါတယ်။ Lip Mask က သင့်နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကို ကွာကျစေပါတယ်။ အဝတ်စ ဒါမှမဟုတ် Cotton Pad ကို သုံးကာ သင့်နှုတ်ခမ်းပေါ်က ကွာနေတဲ့ အရာတွေကို ဖယ်ချပေးရပါမယ်။ ဒီလို ထိန်းသိမ်းမယ်ဆိုရင် Lip Tint ကို ညီညာစွာ ဆိုးနိုင်ပါလိမ့်မယ်။

အဆင့် ၂- သင့်နှုတ်ခမ်းအောက်ပိုင်းကို အရင်ဆိုးပါ

များသောအားဖြင့် ကျွန်မတို့က နှုတ်ခမ်းနီကို နှုတ်ခမ်းပေါ် တင်လိုက်တာနဲ့ အပေါ်နဲ့အောက် မျှအောင် နှုတ်ခမ်း နှစ်ခု ပွတ်တတ်ကြပါတယ်။ ဒီလိုမလုပ်ဘဲ နှုတ်ခမ်းအောက်ပိုင်းကိုပဲ Lip Tint ဆိုးရမှာပါ။

နှုတ်ခမ်းနီ ဖြန့်တဲ့အခါ လက်ကလေးနဲ့ ဖြန့်နိုင်ပါတယ်။

အဆင့် ၃- နောက်တစ်ထပ် ဆိုးပါ

ဒါပြီးရင်တော့ သင့်နှုတ်ခမ်းအောက် အတွင်းသားကို နှုတ်ခမ်းနီ တစ်ထပ် ထပ်ဆိုးရပါမယ်။ ဒီလိုဆိုရင် သင်လိုချင်တဲ့ Korean Gradient Look ကို ပိုင်ဆိုင်မှာပါ။

 

အဆင့် ၄- အပေါ် နှုတ်ခမ်းအတွက်

ဒီအဆင့်မှာလည်း အောက်နှုတ်ခမ်းလိုပဲ Lip Tint ကို သင့်အပေါ် နှုတ်ခမ်းတစ်ခုလုံးပေါ် ပါးပါးလေး ဆိုးပေးရပါမယ်။ ပြီးနောက် နောက်တစ်ထပ်ကိုတော့ အပေါ် နှုတ်ခမ်းအတွင်းသားပေါ် ဆိုးပေးရပါမယ်။ သင့်လက်ကို သုံးပြီး နှုတ်ခမ်းအပြင်ဘက်တွေကို သေချာ Blend လုပ်ပေးဖို့ မမေ့သင့်ပါဘူး။

ဒါဆိုရင်တော့ သင်လိုချင်တဲ့ နှုတ်ခမ်းနီ Look ကို ရပါပြီ။

တကယ်လို့သာ သင် လုပ်နေကျပုံစံအတိုင်း ဆိုရင်တော့ Lip Tint နဲ့ဆိုရင် ဒီပုံစံ ဖြစ်နေမှာပါ။

Source: Preview

by MyStyle Myanmar