အသားအရေ ကြည်လင်ချောမွေ့နေတာကို လူတိုင်းလိုချင်ကြပါတယ်။ အပြင်မှာ ကိုယ်နေ့စဉ်ထိတွေ့နေတဲ့ လေထုနဲ့ အညစ်အကြေးတွေကြောင့် အဆီတွေပြန်ပြီး ဆားဝက်ခြံ ပိုဖြစ်စေလို့ အိမ်ပြန်ရောက်တဲ့အခါမှာ သေချာချေးချွတ်ပေးသင့်ပါတယ်။
ပါဝင်ပစ္စည်း
မုန့်ဖုတ်ဆိုဒါ (Baking Soda) စားပွဲတင်ဇွန်း ၂ ဇွန်း
သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း (သံပုရာရည်လည်းသုံးနိုင်ပါတယ်။)
နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း
ပြင်ဆင်ခြင်း
ပါဝင်ပစ္စည်းအားလုံးကို သေချာရောပြီး မွှေလိုက်ပါ။ ပြီးရင် ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပြီး ပွတ်ပေးပါ။ အဲဒီနောက် မျက်နှာအနှံ့ကို လိမ်းပေးပါ။ မုန့်ဖုတ်ဆိုဒါဟာ အညစ်အကြေးတွေကို သန့်စင်ပေးပြီး ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သံပုယိုရည်ရဲ့ အစွမ်းကြောင့် အဆီပြန်တာကိုသက်သာစေပြီး နို့က အသားအရေကို စိုပြေစေမှာပါ။
အခုလိုလိမ်းပြီး ၅ မိနစ်လောက်ထားပါ။ ပြီးရင် လက်ကိုရေစွတ်ပြီး ရေစိုနေတဲ့လက်နဲ့ သေချာလေး ပွတ်ပေးပါ။ ချွေးပေါက်တွေ ပွင့်ပြီး ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ပြီးရင် ရေအေးနဲ့ မျက်နှာသစ်ပါ။ အဲဒီနောက် Toner (သို့) Moisturizer လိမ်းပေးပါ။
တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။