အကြောင်းအမျိုးမျိုးကြောင့် ခဏခဏ နှာပိတ်နေတာကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ အိမ်တွင်းနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင် အေးလို့ပဲဖြစ်ဖြစ်၊ အဲကွန်းကြောင့်ပဲဖြစ်ဖြစ် ခဏခဏနှာပိတ်တတ်ပါတယ်။ ဒီလိုခဏခဏနှာပိတ်တာမျိုးကျတော့ ဆေးသောက်လည်း အဆင်မပြေပါဘူး။ ပြန်ဖြစ်ပါတယ်။ ဒါကြောင့် အိမ်တွင်းနည်းလမ်းတွေက အသုံးဝင်စေမှာပါ။

ရေနွေးကြမ်း

နှာပိတ်နေချိန်မှာ ရေခဲရေတွေမသောက်ပဲ ရေနွေးကြမ်းပူပူလေးကို မှုတ်မှုတ်ပြီး သောက်ပေးတာက နှာပိတ်တာ သက်သာစေပါတယ်။ ၂ ရက်၊ ၃ ရက်လောက် စွဲသောက်ပေးကြည့်ရင် ဖြေးဖြေးချင်းသက်သာပြီး ပျောက်သွားမှာပါ။ ရေနွေးကြမ်းအပြင် ဂျင်းလက်ဖက်ရည်လည်း သောက်ပေးလို့ရပါတယ်။

ရေနွေးနဲ့ရေချိုးပါ

ရေနွေးနဲ့ရေချိုးတာက အပူငုပ်စေတယ်ဆိုပေမယ့် တစ်ခါတစ်လေချိုးလို့တော့ ဘာမှမဖြစ်ပါဘူး။ နှာပိတ်တဲ့အချိန်မှာချိုးပေးရင်တော့ ခန္ဓာကိုယ်အပူချိန်တိုးစေပြီး နှာပိတ်တာ သက်သာပျောက်ကင်းစေပါတယ်။ ညဘက်မှရေချိုးတာ၊ ညနေဘက်မှရေချိုးတာကို ရှောင်ပေးဖို့လိုပါတယ်။

ရေနွေးငွေ့

ရေနွေးငွေ့ရှူပေးတာကလည်း နှာပိတ်တာပျောက်စေပါတယ်။ လုပ်ရမယ့်ပုံစံကတော့ သန့်ရှင်းတဲ့အိုးထဲကို ရေသန့်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။ ပွက်ပွက်ဆူလာရင် မီးဖိုပေါ်ကချပြီး အဖုံးပွင့်ကာ towel (သို့) အဝတ်သန့်နဲ့ အုပ်လိုက်ပါ။ ပြီးရင် မျက်နှာကို အပ်ထားပြီး ရေနွေးငွေ့ရှူပေးရမှာပါ။ ၁၀ မိနစ် ရှူပေးရပါမယ်။

အစပ်စားခြင်း

အစပ်စားရင် နှာပွင့်ထွက်သွားပြီး နှာပိတ်တာ ချက်ချင်းပျောက်ပါတယ်။ အရမ်းမဆိုးရင်တော့ နှာပိတ်တာက ပျောက်သွားပါတယ်။ နှာအရမ်းပိတ်တဲ့အခါတွေဆိုရင်တော့ ခဏနေရင် ပြန်ပိတ်သွားပါလိမ့်မယ်။

ရေနွေးနဲ့အာလုတ်ကျင်းခြင်း

ရေနွေးထဲကို ဆားလေးနည်းနည်းထည့်ပြီး အာလုတ်ကျင်းပေးတာက လည်ချောင်းနာတာ၊ သွားကိုက်တာ သက်သာစေရုံတင်မဟုတ်ပါဘူး။ နှာပိတ်တာလည်း သက်သာစေပါတယ်။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်တော့ အာလုတ်ကျင်းပေးရပါမယ်။

source:www.blushin.com