မိန်းကလေးတိုင်းအတွက် အိပ်ယာဝင်တဲ့အချိန်မှာ ဆံပင်နဲ့ပတ်သက်ပြီး မလုပ်သင့်တဲ့အလေ့အကျင့်တွေ၊ ရှောင်ကြဉ်သင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအရာတွေကြောင့် ကိုယ့်ဆံသား ထိခိုက်ပျက်စီးတာမျိုး ဖြစ်စေလို့ပါ။

ဆံပင်ရေစိုနဲ့အိပ်ခြင်း

ခေါင်းလျှော်ပြီးရင် အိပ်ချင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ ဆံပင်ကို သေချာခြောက်အောင်မလုပ်ပဲ မခြောက်တစ်ခြောက်ဖြစ်နေတဲ့အချိန်မှာ ဆံပင်အစိုနဲ့ အိပ်လိုက်ရင် bacteria တွေ ဆံသားကိုကပ်ငြိလွယ်ပြီး ဗောက်ထတာမျိုး ဖြစ်စေပါတယ်။ ဦးရေပြားကျန်းမာရေးလည်း ထိခိုက်စေပါတယ်။

ကလစ်နဲ့လှန်တင်ထားခြင်း

ဆံပင်တွေကိုစုပြီး ကလစ်နဲ့လှန်တင်ထားပြီး အိပ်မယ်ဆိုရင် ဆံသားကျိုးကြေတာမျိုးတွေ ဖြစ်စေပါတယ်။ ဆံပင်လည်း ကျွတ်စေပါတယ်။

ခဏခဏခေါင်းဖြီးခြင်း

အိပ်ယာဝင်ခါနီးမှာ ဆံပင်ကိုသေချာရှင်းပြီးမှ အိပ်ရပါတယ်။ ဒါပေမယ့် အိပ်ယာမဝင်မချင်း ခဏခဏခေါင်းဖြီးနေမယ်ဆိုရင် ဆံပင်တွေငြိပြီး ခဏခဏကျွတ်နေမှာပါ။

ဆံပင်ချအိပ်ခြင်း

အိပ်တဲ့အချိန်မှာ ဆံပင်ဖားလျားချအိပ်တာက ဆံသားပျက်စီးစေပါတယ်။ ဆံပင်ပိုကျွတ်ပြီး ဆံသားနှစ်ခွဖြစ်စေပါတယ်။ ဒါကြောင့် လျော့လျော့လေး ချည်အိပ်တာပဲဖြစ်ဖြစ်၊ ကျစ်ဆံမြီးကျစ်အိပ်တာပဲဖြစ်ဖြစ် လုပ်ပေးရပါတယ်။

ဆံပင်မရှင်းပဲအိပ်ခြင်း

အိပ်တော့မယ်ဆိုရင် ဆံပင်ကို သေချာရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ် အိပ်ရပါတယ်။ ဒါမှ ဆံပင်ပျက်စီးမှုနည်းမှာပါ။ ဆံပင်မရှင်းပဲ ဒီတိုင်းအိပ်လိုက်မယ်ဆိုရင်တော့ မနက်အိပ်ယာထရင် ဆံပင်တွေက ရှုပ်ထွေးပြီး ရှင်းရခက်ပြီး ဆံပင်တွေကျွတ်ထွက်တာမျိုး၊ ဆံသားနာတာမျိုးတွေ ဖြစ်စေလို့ ဆံသားထိခိုက်ပျက်စီးစေပါတယ်။