ဆံပင်ကာလာဆိုးဖို့ ဘာအရောင်ဆိုးရမှန်းမသိဖြစ်နေတဲ့ မိန်းကလေးတွေအတွက် ၂၀၂၂ မှာလည်း ဆက်ပြီးခေတ်စားနေမယ့် ဆံပင်ကာလာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီကာလာကတော့ ဘယ်တော့မှရိုးမသွားပဲ လှနေမယ့် ကာလာဖြစ်ပါတယ်။ အရောင်ငြိမ်တာလေးတွေပဲ ဆိုးချင်တယ်ဆိုရင် ဒီကာလာကိုသာ ရွေးချယ်ပါ။

ဒီကာလာကတော့ အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေပြီး အရမ်းလည်းလှတဲ့ ကာလာလေးပါ။ ဘိုဆန်ပြီး မျက်နှာလေးဖြူသွားစေပါတယ်။

Baby highlight လေးတွေဖောက်တာက အရမ်းလှပြီး ဘယ်တော့မှလည်း ရိုးမသွားပါဘူး။ ဒါကြောင့် စတိုင်လ်ပြောင်းချင်ပေမယ့် ကာလာအတောက်ကြီးတွေလည်း မဆိုးရဲဘူးဆိုရင် baby highlight ဖောက်ပြီး ဒီလိုအကာလာလေးတွေ ဆိုးကြည့်ပါ။

လိမ္မော်ရောင်က ၂၀၂၂ မှာ အရမ်းခေတ်စားမယ့် ကာလာပါပဲ။ လိမ္မော်ရောင်ကို တစ်ခေါင်းလုံးမဆိုးချင်ရင် ဒီလို highlight လေးတွေပါဖောက်ပြီး ဆိုးကြည့်ပါ။ လုံးဝကို မျက်နှာဖြူတက်သွားပြီး မိုက်သွားမှာ သေချာပါတယ်။

အပေါ်ပိုင်းကို အဖြူဖောက်တဲ့အရောင်ဆိုးပြီး အတွင်းဘက်ကို လိမ္မော်ရောင်ဆိုးထားတာ အရမ်းမိုက်ပါတယ်။ ဒီလိုဆိုးတဲ့သူရှားတာကြောင့် စတိုင်လ်ပြောင်းချင်တယ်၊ သူများနဲ့မတူတာ လုပ်ချင်တယ်ဆိုရင် ဒါမျိုးလုပ်ချပစ်ပါ။

ဆံပင်ကို ဒီကာလာဆိုးလိုက်ရင် မျက်နှာလင်းပြီး အထာကျတဲ့ပုံစံလေးနဲ့ လှသွားမှာသေချာပါတယ်။ ဘယ်တော့မှရိုးမသွားပဲ လှနေမယ့် ကာလာပါပဲ။

ခရမ်းဖောက်တာဆိုးမယ်ဆိုရင် ဒီကာလာကိုရွေးဆိုးပါ။ ၂၀၂၂ အတွက် အရမ်းလှတဲ့ ကာလာပါပဲ။

ကာလာဆန်းလေးဆိုးချင်ရင် ဒီကာလာလေးလည်း အရမ်းလှပါတယ်။ ဘယ်တော့မှရိုးမသွားပဲ လှနေမယ့် ကာလာလေးပါ။

ကာလာတောက်တာတွေမကြိုက်ဘူး အထာကျပြီးမိုက်နေတာမျိုးလေးပဲ ကြိုက်တယ်ဆိုရင် အမဲနဲ့အဖြူကို ဒီလိုလေးဆိုးကြည့်ပါ။ အရမ်းမိုက်ပြီး လှပါတယ်။

Photo source:www.pinterest.com