ဒေါက်ဖိနပ်ကို နေ့တိုင်းစီးမယ်ဆိုရင် သင့်ခန္ဓာကိုယ်အတွက် ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေက ဖြစ်လာမှာပါပဲ။ ဒေါက်ဖိနပ်က တစ်ခါတစ်လေစီးတာပဲ ကောင်းပါတယ်။ အမြဲတမ်းလိုလို၊ နေ့တိုင်းလိုလိုစီးမယ်ဆိုရင်တော့ ဒီလိုဆိုးကျိုးတွေ ဖြစ်လာပါလိမ့်မယ်။

ခါးနာမယ်

ဒေါက်ဖိနပ်ကို နေ့တိုင်းစီးရင်၊ အမြဲလိုလိုစီးရင် ခါးနာတာ၊ တင်ပဆုံရိုးနာတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒေါက်ဖိနပ်စီးတာ နှစ်ချီကြာတဲ့သူတွေဆိုရင် ခါးနာတာက ဒဏ်တစ်ခုလိုဖြစ်ပြီး အမြဲကိုခါးနာနေတာမျိုး ဖြစ်သွားပါလိမ့်မယ်။

ခြေဖျားထိပ်တွေနာမယ်

အရမ်းမြင့်တဲ့ ဒေါက်ဖိနပ်တွေကိုစီးတဲ့အခါမှာ ခြေချောင်းလေးတွေကို အားပြုပြီးထောက်ထားသလို ဖြစ်နေတဲ့အတွက် ခြေဖျားထိပ်လေးတွေ အရမ်းကိုနာကျင်တာမျိုး ဖြစ်လာပါလိမ့်မယ်။

ဒူးနာမယ်

ဒေါက်ဖိနပ်ကိုအမြဲတမ်း၊ နေ့တိုင်း စီးထားမယ်ဆိုရင် ခါးနာ၊ ဒူးနာကတော့ ဖြစ်မှာပါပဲ။ ဒူးနာတာကတော့ လူတိုင်းလိုလိုမဖြစ်ပေမယ့် တချို့တွေမှာတော့ ဒေါက်ဖိနပ်စီးလို့ ဒူးနာတာမျိုး ဖြစ်ပါတယ်။

ခြေချင်းဝတ်နာမယ်

တစ်ပြေးညီဒေါက်မြင့်တွေစီးရင်တော့ ခြေချင်းဝတ်နာတာမျိုး ဖြစ်လေ့မရှိပေမယ့် ခြေဖျားထောက်ထားသလိုဖြစ်တဲ့ ဒေါက်ဖိနပ်တွေစီးရင်တော့ ခြေချင်းဝတ်နာတာမျိုးတွေ ဖြစ်ပါလိမ့်မယ်။

ခြေသည်းနာတာ၊ ခြေစွယ်ငုတ်တာ

ဒေါက်ဖိနပ်ကိုမှ ထိပ်ပိတ်ဖိနပ်တွေစီးရင် ခြေမဘေးဘက်ခြေသည်းနာတာ၊ ခြေစွယ်ငုတ်တာ၊ ခြေသည်းက တော်ရုံနဲ့မရှည်တော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

ခြေသလုံးကြောတွေတင်းတာ

ဒေါက်ဖိနပ်အမြဲစီးရင်၊ နေ့တိုင်းလိုလိုစီးရင် ခြေဖျားထောက်ထားသလိုဖြစ်တဲ့အတွက် ခြေသလုံးကြောတွေတင်းတာ၊ ခြေသလုံးကြွက်သားတွေတောင့်တာ၊ သွေးပြန်ကြောတွေဖောင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။

source:www.brightside.me