ခြောက်သွေ့ပျက်စီးနေတဲ့ဆံသားကို ဒီတိုင်းပစ်ထားရင်တော့ healthy hair ပြန်ဖြစ်လာမှာမဟုတ်ပဲ ဆံသားပိုပျက်စီးလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ခြောက်သွေ့ပြီး ပျက်စီးနေတဲ့ ဆံသားကို ပြန်လည်ကောင်းမွန်လာစေဖို့ ပုံမှန်လုပ်ပေးရမယ့် အလေ့အကျင့် ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

အဖျားတွေပုံမှန်ညှပ်ပါ

တော်တော်များများက ဆံပင်အဖျားတွေ နှစ်ခွဖြစ်ပြီး ပျက်စီးနေပါတယ်။ ဒါတွေကို မညှပ်ပဲထားလိုက်ရင် ပျက်စီးနေတာတွေက ပိုဆိုးလာပြီး နှစ်ခွတွေက အပေါ်အထိရောက်လာကာ ဆံသားကျိုးကြေတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် တစ်လတစ်ခါ၊ နှစ်လတစ်ခါလောက် ဆံပင်နှစ်ခွတွေ အဖျားတွေကို ညှပ်ထုတ်ပေးပါ။

ခေါင်းခဏခဏလျှော်တာကိုဆင်ခြင်ပါ

နေ့တိုင်းခေါင်းလျှော်တာ၊ တစ်ရက်ခြားတစ်ခါ လျှော်နေတာတွေက ဆံသားအတွက်လိုအပ်တဲ့ အဆီဓာတ်တွေ ဆုံးရှုံးပြီး ဆံသားခြောက်သွေ့စေပါတယ်။ ဒါကြောင့် ၅ ရက်တစ်ခါလောက်ပဲ ခေါင်းလျှော်ပါ။

Shampoo နဲ့ Conditioner ကို သေချာရွေးပါ

ကိုယ့်ဆံသားကို သိအောင်လုပ်ပါ။ ဆံသားက ခြောက်သွေ့ပြီး ပျက်စီးနေတာဆိုရင် ingredients ထဲမှာ shea butter, argan oil or coconut oil ပါတာတွေကို ရွေးသုံးပါ။ ခေါင်းလျှော်ပြီးတိုင်းမှာ conditioner သုံးပေးဖို့လည်း မမေ့ပါနဲ့။

ဆံပင်ရေစိုနေချိန်ခေါင်းမဖြီးပါနဲ့

ဆံပင်ရေစိုနေချိန်မှာ ခေါင်းရှင်းတာမျိုး၊ ခေါင်းဖြီးတာမျိုး လုပ်တတ်တယ်ဆိုရင် ဆင်ခြင်ဖို့လိုပါတယ်။ ဆံပင်ရေစိုနေချိန်မှာဖြီးရင် ဆံပင်တွေကျွတ်ထွက်ပြီး ဆံသားနာပါတယ်။ ဆံသားပိုပျက်စီးစေပါတယ်။

ပိုသားခေါင်းအုံးစွပ်နဲ့အိပ်ပါ

ခေါင်းဦးစွပ်ကို ရိုးရိုးဟာမသုံးပဲ ပိုးသားခေါင်းအုံးစွပ်နဲ့အိပ်ပါ။ ဆံပင်ငြိတာ၊ ကျိုးကြေတာ၊ ဆံပင်ပြတ်ထွက်တာ၊ ဆံပင်ကျွတ်တာတွေ သက်သာစေပြီး ဆံသားကျန်းမာစေပါတယ်။ ဆံပင်ပျက်စီးတာတွေလည်း သက်သာစေပါတယ်။