တစ်ခါတစ်လေကျရင်လည်း အိုမင်းရင့်ရော်မှုတွေ ဖြစ်လာတယ်၊ အရေးအကြောင်းတွေ ပေါ်လာတယ်ဆိုတာက ကိုယ်လုပ်နေတဲ့ အလေ့အကျင့်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အချိန်မှီ ဆင်ခြင်လို့ရဖို့အတွက် အိုမင်းရင့်ရော်မှုတွေ မြန်မြန်ဖြစ်လာအောင် သင်ကိုယ်တိုင်လုပ်နေမိတဲ့ အလေ့အကျင့်တွေကို ပြောပြပေးလိုက်ပါတယ်။

နေ့စဉ်ပိုက်နဲ့သောက်ခြင်း

ပိုက်နဲ့စုပ်သောက်တာက တစ်ခါတစ်လေ ဘာမှမဖြစ်ပေမယ့် နေ့စဉ်နဲ့အမျှဆိုရင်တော့ ပါးစပ်နားတစ်ဝိုက်မှာ အရေးအကြောင်းနဲ့ fine lines တွေ ပေါ်လာပါလိမ့်မယ်။ အဲ့လိုတွေပေါ်လာတာက ပုံမှန်ထက်ပိုပြီး အိုမင်းရင့်ရော်တဲ့ပုံစံမျိုး ဖြစ်စေပါတယ်။

အိပ်စက်ချိန်မလုံလောက်ခြင်း

လူတစ်ယောက်က အနည်းဆုံး ညတိုင်းအိပ်စက်ချိန်က ၇ နာရီရှိရပါမယ်။ အဲ့ထက်လျော့ရင်၊ ညဘက်တွေ နောက်ကျမှအိပ်ရင်တော့ အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေ၊ အထူးသဖြင့် မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာပါလိမ့်မယ်။

နေကာမျက်မှန်မတပ်ခြင်း

နေကာမျက်မှန်တပ်တယ်ဆိုတာက ရှိုးထုတ်ဖို့သပ်သပ်မဟုတ်ပါဘူး။ နေပူထဲသွားရင် နေကာမျက်မှန် တပ်ကိုတပ်သင့်တာပါ။ နေရောင်ခြည်ဒဏ်ကြောင့် မျက်လုံးနားတစ်ဝိုက်က အညိုစက်၊ အနီစက်တွေ ထွက်လာတာမျိုး၊ အသားအရေ ခြောက်သွေ့ပျက်စီးပြီး အရေးအကြောင်းတွေ ပေါ်လာတာမျိုး၊ မျက်ကွင်းညိုတာမျိုးတွေ ဖြစ်စေပါတယ်။

Mental Health ကိုဂရုမစိုက်ခြင်း

ကိုယ့်ရဲ့ mental health ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ အရမ်းတွေ stress ပိပြီး စိတ်ဆင်းရဲနေရင်လည်း အိုမင်းရင့်ရော်မှုတွေ မြန်မြန်ဖြစ်စေပါတယ်။

လေ့ကျင့်ခန်းမလုပ်ခြင်း

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးမှ အသားအရေကျစ်လစ်ပြီး တင်းရင်းလာမယ်၊ စိတ်ရောကိုယ်ပါ နုပျိုလန်းဆန်းပြီး ပေါ့ပါးမှုရှိနေပါမယ်။ ဒါကြောင့် ပုံမှန် လေ့ကျင့်ခန်းလုပ်တာ ဒါမှမဟုတ် ယောဂကျင့်တာတွေ လုပ်ပေးသင့်ပါတယ်။