ကိုယ်တိုင်သတိမထားမိပဲ လုပ်နေမိတဲ့ အလေ့အကျင့်တွေကြောင့်ပဲ ကိုယ့်အသားအရေက ပုံမှန်ထက်ပိုပြီး ခြောက်သွေ့လာတာမျိုး၊ ပုံမှန်ထက်ပိုပြီး အဆီပြန်လာတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အသားခြောက်ပြီး Dry Skin ဖြစ်လာအောင် လုပ်မိနေတဲ့ အလေ့အကျင့်ဆိုးတွေကို ပြောပြပေးလိုက်ပါတယ်။

ရေနွေးနဲ့ရေချိုးခြင်း

ရေနွေးနဲ့ရေချိုးတာဟာ အသားသိသိသာသာခြောက်ပြီး dry skin ဖြစ်လာစေပါတယ်။ ဒါကြောင့် ရေနွေးနဲ့ရေချိုးတာကို တတ်နိုင်သလောက်ရှောင်သင့်ပါတယ်။ ချိုးရင်တောင် တစ်ခါတစ်လေမှ ရေနွေးစိမ်ချိုးတာမျိုးလုပ်ပေးပါ။

ဆပ်ပြာအများကြီးသုံးခြင်း

ရေချိုးတဲ့အခါမှာ ဆပ်ပြာအမြှုပ်တွေ အများကြီးထွက်အောင် ဆပ်ပြာကို အများကြီးသုံးတာဟာ ပုံမှန်ထက်ပိုပြီး အသားခြောက်စေပါတယ်။

အချိန်အကြာကြီးရေချိုးခြင်း

ရေကိုစိမ်ချိုးတာက လန်းဆန်းပြီးနေရတာ ပေါ့ပါးသွားစေပါတယ်။ ဒါပေမယ့် အချိန်အကြာကြီး ရေချိုးတာက အသားအရေတော့ ခြောက်သွေ့စေပါတယ်။

မျက်နှာကို towel နဲ့ပွတ်သုတ်ခြင်း

မျက်နှာကို ရေသုတ်တဲ့အခါမှာ တချို့ကတစ်ရှူးသုံးပေမယ့် တော်တော်များများကတော့ towel သုံးပြီးပဲ သုတ်ပါတယ်။ towel သုံးပြီးသုတ်တဲ့အခါမှာ ဖွဖွလေးဖိဖိပြီးသုတ်ရပါတယ်။ ပွတ်ပြီးမသုတ်ရပါဘူး။ ပွတ်ပြီးသုတ်ရင် ကြာလာတဲ့အခါ အသားအရေထိခိုက်စေပါတယ်။ အသားခြောက်စေပါတယ်။

Hand sanitizer ခဏခဏသုံးခြင်း

Hand sanitizer ခဏခဏသုံးတာကလည်း အသားခြောက်ပြီး အရေခွံကွာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသားအရေက moisturizer ရအောင် hand cream ပြန်သုံးပေးသင့်ပါတယ်။

ကြက်ဥကြော်ကိုအများကြီးစားခြင်း

ကြက်ဥကြော်စားတာက အားရှိစေပေမယ့် တစ်နေ့ကိုအများကြီးစားတာ၊ ခဏခဏစားတာကတော့ အသားအရေခြောက်သွေ့စေပါတယ်။ ကြက်ဥကြော်ကို တစ်နေ့ကို ၃ လုံးထက်ပိုပြီး မစားသင့်ပါဘူး။