ဗောက်တွေထလာလို့ ဘာကြောင့်ဆိုတာကို အဖြေရှာမရရင် ဒီအလေ့အကျင့်တွေကို လုပ်နေမိလားဆိုတာ ပြန်စစ်ကြည့်လို့ရပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒီအလေ့အကျင့်တွေကြောင့်ပဲ ဗောက်ထတာတွေက ဖြစ်လာလို့ပါပဲ။

ခဏခဏခေါင်းလျှော်ခြင်း

ခဏခဏခေါင်းလျှော်ရင် ရှိသင့်တဲ့ အဆီတွေ ဆုံးရှုံးစေပါတယ်။ အဲ့ကနေ ဦးရေပြားခြောက်ပြီး ဗောက်ထလာပါလိမ့်မယ်။

ဦးရေပြားကိုပါ Conditioner သုံးခြင်း

Conditioner သုံးတဲ့အခါ ဦးရေပြားကိုထိရင် ဗောက်ထပြီး ဆံပင်ကျွတ်စေပါတယ်။

Stress များခြင်း

တချို့ကျတော့ stress တွေများနေရင်လည်း ဗောက်ထပါတယ်။ တချို့ကျတော့ stress များရင် ဆံပင်ကျွတ်တာပါ။

နေရောင်ခြည်ထိခြင်း

နေအရမ်းပြင်းတဲ့အချိန်တွေမှာ အကာအကွယ်မပါပဲ ဒီတိုင်းသွားမယ်ဆိုရင် ဆံသားထိခိုက်ပျက်စီးသလို ဦးရေပြားလည်း ခြောက်သွေ့ပြီး ဗောက်ထတာတွေ ဖြစ်စေပါတယ်။

ခေါင်းမလျှော်ခြင်း

တစ်ပတ်တစ်ခါ (သို့) ၅ ရက်တစ်ခါလောက် ခေါင်းလျှော်ပေးတာက ပုံမှန်ပါပဲ။ အဲ့လိုမဟုတ်ပဲ တစ်ပတ်ကျော်တဲ့အထိ ခေါင်းမလျှော်တာ၊ ဖုန်တွေအရမ်းများတဲ့နေရာသွားပြီး ခေါင်းမလျှော်ပဲနေတာတွေက ဖုန်မှုန့်အညစ်အကြေးတွေ၊ ဦးရေပြားနဲ့ဆံသားကထွက်တဲ့ အဆီတွေနဲ့ရောပြီး ဗောက်ထလာစေပါတယ်။

မတည့်တဲ့ခေါင်းလျှော်ရည်သုံးနေခြင်း

ဗောက်ထလာလို့ အပေါ်ကအချက်တွေလည်း တစ်ခုမှမလုပ်မိဘူးဆိုရင် ကိုယ်သုံးနေတဲ့ ခေါင်းလျှော်ရည်ကို ပြန်ကြည့်ပါ။ ခေါင်းလျှော်ရည်နဲ့မတည့်ရင်လည်း ဗောက်ထပါတယ်။ ဒါကြောင့် ဒီခေါင်းလျှော်ရည်သုံးပြီးနောက်ပိုင်းမှ ဗောက်ထလာတာလားဆိုတာကိုလည်း ပြန်စဉ်းစားကြည့်ပါ။