ဆံသားနဲ့ပတ်သက်ပြီး ကိုယ်ကအရေးမကြီးဘူးထင်လို့ လုပ်နေမိတာတွေက ကိုယ့်ဆံသားကို ပျက်စီးစေတဲ့ အပြုအမူတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အချိန်မှီဆင်ခြင်လို့ရအောင် သင့်ဆံသားကိုပျက်စီးစေနိုင်တဲ့ အပြုအမူတချို့ကို ပြောပြပေးလိုက်ပါတယ်။

ခေါင်းစွတ်ဝတ်ခြင်း

ဆောင်းတွင်းလိုမျိုး အေးတဲ့အခါမှာ တချို့က အအေးဒဏ်မခံနိုင်လို့ ခေါင်းစွပ်ပါ ဝတ်ထားတာမျိုး ရှိပါတယ်။ ခေါင်းစွပ်ဝတ်တာက သိုးမွှေးဆိုရင် ဆံပင်တွေ ခေါင်းစွပ်မှာကပ်ပြီး ကျိုးပျက်တာ၊ ကျွတ်တာတွေ ဖြစ်တတ်ပါတယ်။

Towel နဲ့သုတ်တဲ့အခါ

ခေါင်းလျှော်ပြီး ဆံပင်ခြောက်အောင် towel နဲ့သုတ်ရင် ကြမ်းကြမ်းတမ်းတမ်း သုတ်တာမျိုး၊ ဆံပင်မခြောက်မချင်း towel နဲ့ ဆက်တိုက်သုတ်တာမျိုးက ဆံသားနာပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် ဖွဖွလေး ဖြေးဖြေးချင်းစီ သုတ်ပေးပါ။

Dryer မှုတ်တဲ့အခါ

Dryer မှုတ်တဲ့အခါမှာ အမြန်ခြောက်အောင် အပူပေးမှုတ်တာ၊ ဆံပင်အနားကပ်မှုတ်တာ၊ မခြောက်မချင် အကြာကြီးမှုတ်တာက ဆံသားအဆီဓာတ်ဆုံးရှုံးပြီး ဆံသားခြောက်သွေ့ ပျက်စီးစေတယ်၊ ဆံပင်နှစ်ခွတွေ ဖြစ်စေပါတယ်။ ဒါကြောင့် dryer မှုတ်မယ်ဆိုရင်လည်း ဆံပင်နဲ့ ၆ လက်မအကွာကနေ မှုတ်ပေးပါ။

ခေါင်းစည်းကြိုးအမာနဲ့စည်းခြင်း

ဆံပင်စည်းတဲ့အခါမှာ ခေါင်းစည်းကြိုးအပျော့လေးတွေ၊ ဆံပင်မနာတာတွေနဲ့ စည်းပါ။ ခေါင်းစည်းကြိုးစအမာတွေနဲ့ စည်းတဲ့အခါမှာ ဆံသားကျိုးကြေပြီး ပျက်စီးစေပါတယ်။

Conditioner ကို ဆံပင်အရင်းပါသုံးခြင်း

Conditioner သုံးရင် ဆံပင်အလယ်နားလောက်ကပဲ စပြီးသုံးရပါတယ်။ ဆံပင်အရင်းကိုပါ သုံးပေးတာက ဗောက်ထပြီး ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။

Dry shampoo ခဏခဏသုံးခြင်း

ခေါင်းမလျှော်ချင်တိုင်း dry shampoo တွေကိုပဲ ခဏခဏသုံးနေလို့ မဖြစ်ပါဘူး။ Dry shampoo ခဏခဏသုံးရင် ဦးရေပြားယားပြီးခြောက်တာ၊ ဗောက်ထတာတွေ ဖြစ်လာပြီး ဆံပင်တွေ ကျွတ်လာတတ်ပါတယ်။ ဒါကြောင့် ခဏခဏသုံးတိုင်းလည်း မကောင်းပါဘူး။