အစိမ်းရောင်ကြိုက်တဲ့သူတွေ ပုံဖော်ကြည့်သင့်တဲ့ အစိမ်းရောင်လက်သည်းဒီဇိုင်း လှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရှင်းရှင်းလေးနဲ့ ဒီဇိုင်းဆန်းပြီးလှတာပါ။ လက်သည်းအရှည်လေးတွေနဲ့မှ ပိုလိုက်ဖက်မယ့် ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ လက်သည်းအချွန်၊ လက်သည်းအဝိုင်းလေး ဆိုရင်တော့ ပိုပြီးပုံဖော်ရတာ လှပါတယ်။

နောက်ထပ်ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လက်သည်းအတိုလေးတွေနဲ့တောင် လိုက်ဖက်ပါတယ်။

ဒီဇိုင်းပုံဖော်တာတွေ သိပ်မလုပ်ချင်ဘူး ရိုးရိုးပဲလုပ်ချင်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ဘယ်တော့မှရိုးမသွားပဲ လှနေမယ့် ဒီဇိုင်းလေးပါ။

အစိမ်းရောင်ဆိုရင် ဘယ်လိုအရောင်ပဲဖြစ်ဖြစ် ကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။ အရမ်းလှပါတယ်။ လက်သည်းအဝိုင်း၊ အချွန်လေးတွေနဲ့မှ ပိုအဆင်ပြေမှာပါ။

လက်သည်းပုံမဖော်ချင်ရင်တော့ ဒီလိုလေးလည်း အရောင်စပ်ဆိုးတာမျိုး လုပ်လို့ရပါသေးတယ်။ ဒါလည်း လှတာပါပဲ။

Matte Type လေးဆိုးမယ်ဆိုရင် ရွေးချယ်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရမ်းလှပါတယ်။ Matte Type လက်သည်းနီတွေဆိုးတဲ့အခါ အရောင်နုတာထက် အရောင်ရင့်တာတွေက ပိုလှပြီး အသားဆောင်ပါတယ်။

လက်သည်းအချွန်၊ လက်သည်းအဝိုင်းထားရင် ဒီလိုလေးလည်း ပုံဖော်ကြည့်နော်။ အမြင်ဆန်းပြီး လှပါတယ်။

နောက်ထပ်လှပတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒီလက်သည်းဒီဇိုင်းလေးက ဘယ်လို လက်သည်း Shape မျိုးနဲ့မဆို လိုက်ဖက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ အစိမ်းရောင်ကြိုက်ရင် မဖြစ်မနေ ပုံဖော်ကြည့်သင့်တဲ့ ဒီဇိုင်းလေးပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ ဖဲပြားကြိုးစည်းထားသလို ပုံဖော်ထားတာလေးက အသက်ပါပဲ။

ဒီလက်သည်းဒီဇိုင်းကတော့ Christmas မှာ ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရမ်းလှပြီး ဒီဇိုင်းလေးလည်း ဆန်းပါတယ်။

Photo source:www.pinterest.com