ရာသီဥတုကလည်း တဖြေးဖြေးနဲ့ပူလာပြီဆိုတော့ ပျိုမေတို့အတွက် တစ်နေကုန်နေပူထဲထွက်ရတဲ့အခါမှာ သက်တောင့်သက်သာဖြစ်ပြီး ဝတ်လို့ကောင်းစေမယ့် ဖက်ရှင်တွေလိုအပ်ပါတယ်။ နေပူထဲသွားရတဲ့အခါမှာ အသားအရေလည်း ထိခိုက်ပျက်စီးမှုမရှိဖို့၊ ဝတ်ရတာလည်း ရိုးရိုးရှင်းရှင်းနဲ့ သက်တောင့်သက်သာဖြစ်စေဖို့၊ လွတ်လပ်ပေါ့ပါးစေဖို့က အရေးအကြီးဆုံးပါပဲ။ ဒါကြောင့် ဝတ်ရတာပေါ့ပါးမယ့် ဘောင်းဘီရှည်တွေနဲ့ အပူဒဏ်ကိုခံနိုင်မယ့် အင်္ကျီလက်ရှည်လေးတွေကို ဖက်ရှင်ကျအောင် ဘယ်လိုတွဲဖက်ဝတ်ဆင်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ရှပ်အင်္ကျီလက်ရှည်အပွတွေက ဝတ်ရတာလည်း သက်တောင့်သက်သာဖြစ်စေတယ်။ အသားကိုလည်း နေရောင်ခြည် တိုက်ရိုက်မထိတွေ့အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရှပ်အင်္ကျီလက်ရှည်အပွတွေကို အခုနောက်ပိုင်း အရမ်းဝတ်နေကျတဲ့ ဘောင်းဘီရှည်အပွတွေနဲ့ တွဲဝတ်လို့ရပါတယ်။

တစ်နေကုန်နေပူထဲထွက်တဲ့အခါမှာ သက်တောင့်သက်သာဖြစ်စေဖို့ ချည်သားလက်ရှည်လေးတွေကိုလည်း ခုနကလို ဘောင်းဘီရှည်အပွလေးတွေနဲ့ တွဲဝတ်လို့ရပါသေးတယ်။

ဂျင်းဘောင်းဘီပဲကြိုက်တဲ့သူတွေဆိုရင် တစ်နေကုန်နေပူထဲထွက်တဲ့အခါမှာ ဂျင်းဘောင်းဘီကို အကျပ်ဝတ်မယ့်အစား အပွအရှည်လေးတွေဝတ်ပါ။ ဒါတွေက ပိုပြီး သက်တောင့်သက်သာဖြစ်စေမှာပါ။ အင်္ကျီဆိုရင်တော့ အေးတဲ့ရှပ်အင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်သင့်ပါတယ်။ ပူလာရင် လက်ခေါက်ထားလို့လည်းရသလို၊ နေပူရင်လည်း လက်ပြန်ချလိုက်ရုံပဲဆိုတော့ အဆင်ပြေတာပေါ့။

တစ်နေကုန်နေပူထဲထွက်တဲ့အခါမှာတောင် လူငယ်ဆန်ဆန်နဲ့ စတိုင်လ်ကျကျလေးဝတ်ချင်တယ်၊ သက်တောင့်သက်သာလည်း ဖြစ်ချင်တယ်ဆိုရင်တော့ အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတဲ့ Bell Pants လေးတွေကို ပုံမှာပြထားသလို အရမ်းမထူပဲ အသားအေးပြီး နည်းနည်းပါးတဲ့ အင်္ကျီအဖြူလက်ရှည်လေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။

ရိုးရိုးရှင်းရှင်းနဲ့ ဖက်ရှင်လည်းကျ၊ တစ်နေကုန်နေပူထဲထွက်တဲ့အခါမှာလည်း သက်တောင့်သက်သာနဲ့ ပေါးပါးမှုရှိအောင် ရှပ်အင်္ကျီလက်ရှည်အဖြူလေးတွေကို ဘောင်းဘီရှည်အပွ ရောင်စုံလေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Photo source: www.pinterest.com