(Zawgyi Version)

ေရေမႊးကို ဘယ္လိုေနရာမွာဆြတ္မွ အနံ႔ၾကာရွည္ခံမလဲ၊ ေရေမႊးပုလင္းကိုဘယ္ေနရာေတြမွာ ထားသင့္လဲဆိုတာကို ဗဟုသုတအေနနဲ႔ သိထားဖို႔လိုပါတယ္။ ေရေမႊးဆြတ္လိုက္ၿပီဆိုတာနဲ႔ ကိုယ့္ဆီမွာ အနံ႔ၾကာၾကာခံေအာင္ တစ္ေနကုန္ေမႊးေနေအာင္ ဘယ္လိုဆြတ္ရမလဲဆိုတာကိုလည္း ေျပာျပေပးလိုက္ပါတယ္။

ဘီးမွာေရေမႊးျဖန္းပါ

ကိုယ္ၿဖီးမယ့္ဘီးမွာ ေရေမႊးျဖန္ၿပီး ေခါင္းၿပီးတာဟာ ကိုယ့္ဆီမွာ အနံ႔ၾကာၾကာစြဲေစပါတယ္။

Lotion လိမ္းၿပီးဆြတ္ပါ

ေရေမႊးဆြတ္မယ့္ေနရာကို အနံ႔မပါတဲ့ Lotion တို႔ Moisturizer တို႔လိမ္းၿပီးမွ ဆြတ္မယ္ဆိုရင္ ေရေမႊးန႔ံၾကာၾကာစဲြေစပါတယ္။

Source: www.statecollegemagazine.com

ေရေမႊးဆြတ္ၿပီးခ်က္ခ်င္းအကၤီ်မဝတ္ပါနဲ႔

ေရေမႊးဆြတ္ၿပီးၿပီးခ်င္း ေရေမႊးမေျခာက္ခင္မွာ အကၤီ်မဝတ္ပါနဲ႔။ ေျခာက္သြားမွ ခဏေနမွဝတ္ပါ။

ေရေမႊးကိုအဝတ္မွာမဆြတ္ပါနဲ႔

ေရေမႊးကိုအဝတ္အစားမွာဆြတ္တာက အနံ႔ခဏပဲရပါတယ္။ ကိုယ့္ Skin ေပၚမွာပဲ ဆြတ္ေပးမွ အနံ႔ၾကာရွည္ခံတာပါ။

Source: www.tipsoye.com

ေရေမႊးကိုဆြတ္သင့္တဲ့ေနရာ (၄) ခု
ေရေမႊးဆြတ္တဲ့အခါမွာ အနံ႔ၾကာရွည္ခံေအာင္ တစ္ေနကုန္အနံ႔စဲြေနေအာင္ လက္ေကာက္ဝတ္၊ လည္ပင္း၊ တံေတာင္ေကြးနဲ႔ တံေတာင္ဆစ္ေနရာမွာ ဆြတ္ေပးပါ။

လက္ေကာက္ဝတ္ႏွစ္ခုကိုမပြတ္ပါနဲ႔

ေတာ္ေတာ္မ်ားမ်ားက ေရေမႊးကိုလက္ေကာက္ဝတ္မွာဆြတ္ၿပီးရင္ လက္ေကာက္ဝတ္ႏွစ္ခုကို ပြတ္ေလ့ရွိၾကတယ္။ ဒါကမွားယြင္းတဲ့နည္းလမ္းပါေနာ္။

Source: www.shutterstock.com

ေရေမႊးပုလင္းကိုလႈပ္ရမ္းၿပီးမသံုးပါနဲ႔

ေရေမႊးဆြတ္ခါနီး ပုလင္းကိုလႈပ္ရမ္းၿပီးမသံုးပါနဲ႔။ ဒီတိုင္းပဲ ဆြတ္ပါ။

ေရေမႊးကိုဘူးခံြထဲျပန္သိမ္းပါ

ေရေမႊးပုလင္းကို အျပင္မွာထုတ္မထားပါနဲ႔။ သူ႔ကိုထည့္ထားတဲ့ဘူးေလးေတြ၊ အိတ္ေလးေတြနဲ႔ပဲ ျပန္ထည့္ထားေပးပါ။ အဓိကကေတာ့ ေရေမႊးပုလင္းကို အဖံုးျပန္ဖံုးထားဖို႔ပါပဲ။

ေရေမႊးကိုေအးတဲ့ေနရာနဲ႔ ေမွာင္တဲ့ေနရာမွာ သိမ္းပါ

ေရေမႊးကို ေနေရာင္ျခည္ထိတဲ့ေနရာမွာထားတာက အနံ႔ေတြပ်က္ေစပါတယ္။ ေအးတဲ့ေနရာနဲ႔ ေမွာင္တဲ့ေနရာမွာပဲ ေရေမႊးကိုထားပါ။ ေရခ်ိဳးခန္းထဲမထားပါနဲ႔။ ကိုယ့္ဘီဒို၊ အံဆဲြစတဲ့ေနရာေတြမွာ ထည့္ထားတာေတာ့ အေကာင္းဆံုးပါပဲ။

Source: www.independent.co.uk

(Unicode)

ရေမွှေးကို ဘယ်လိုနေရာမှာဆွတ်မှ အနံ့ကြာရှည်ခံမလဲ၊ ရေမွှေးပုလင်းကိုဘယ်နေရာတွေမှာ ထားသင့်လဲဆိုတာကို ဗဟုသုတအနေနဲ့ သိထားဖို့လိုပါတယ်။ ရေမွှေးဆွတ်လိုက်ပြီဆိုတာနဲ့ ကိုယ့်ဆီမှာ အနံ့ကြာကြာခံအောင် တစ်နေကုန်မွှေးနေအောင် ဘယ်လိုဆွတ်ရမလဲဆိုတာကိုလည်း ပြောပြပေးလိုက်ပါတယ်။

ဘီးမှာရေမွှေးဖြန်းပါ

ကိုယ်ဖြီးမယ့်ဘီးမှာ ရေမွှေးဖြန်ပြီး ခေါင်းပြီးတာဟာ ကိုယ့်ဆီမှာ အနံ့ကြာကြာစွဲစေပါတယ်။

Lotion လိမ်းပြီးဆွတ်ပါ

ရေမွှေးဆွတ်မယ့်နေရာကို အနံ့မပါတဲ့ Lotion တို့ Moisturizer တို့လိမ်းပြီးမှ ဆွတ်မယ်ဆိုရင် ရေမွှေးနံ့ကြာကြာစွဲစေပါတယ်။

Source: www.statecollegemagazine.com

ရေမွှေးဆွတ်ပြီးချက်ချင်းအင်္ကျီမဝတ်ပါနဲ့

ရေမွှေးဆွတ်ပြီးပြီးချင်း ရေမွှေးမခြောက်ခင်မှာ အင်္ကျီမဝတ်ပါနဲ့။ ခြောက်သွားမှ ခဏနေမှဝတ်ပါ။

ရေမွှေးကိုအဝတ်မှာမဆွတ်ပါနဲ့

ရေမွှေးကိုအဝတ်အစားမှာဆွတ်တာက အနံ့ခဏပဲရပါတယ်။ ကိုယ့် Skin ပေါ်မှာပဲ ဆွတ်ပေးမှ အနံ့ကြာရှည်ခံတာပါ။

Source: www.tipsoye.com

ရေမွှေးကိုဆွတ်သင့်တဲ့နေရာ (၄) ခု

ရေမွှေးဆွတ်တဲ့အခါမှာ အနံ့ကြာရှည်ခံအောင် တစ်နေကုန်အနံ့စွဲနေအောင် လက်ကောက်ဝတ်၊ လည်ပင်း၊ တံတောင်ကွေးနဲ့ တံတောင်ဆစ်နေရာမှာ ဆွတ်ပေးပါ။

လက်ကောက်ဝတ်နှစ်ခုကိုမပွတ်ပါနဲ့

တော်တော်များများက ရေမွှေးကိုလက်ကောက်ဝတ်မှာဆွတ်ပြီးရင် လက်ကောက်ဝတ်နှစ်ခုကို ပွတ်လေ့ရှိကြတယ်။ ဒါကမှားယွင်းတဲ့နည်းလမ်းပါနော်။

Source: www.shutterstock.com

ရေမွှေးပုလင်းကိုလှုပ်ရမ်းပြီးမသုံးပါနဲ့

ရေမွှေးဆွတ်ခါနီး ပုလင်းကိုလှုပ်ရမ်းပြီးမသုံးပါနဲ့။ ဒီတိုင်းပဲ ဆွတ်ပါ။

ရေမွှေးကိုဘူးခွံထဲပြန်သိမ်းပါ

ရေမွှေးပုလင်းကို အပြင်မှာထုတ်မထားပါနဲ့။ သူ့ကိုထည့်ထားတဲ့ဘူးလေးတွေ၊ အိတ်လေးတွေနဲ့ပဲ ပြန်ထည့်ထားပေးပါ။ အဓိကကတော့ ရေမွှေးပုလင်းကို အဖုံးပြန်ဖုံးထားဖို့ပါပဲ။

ရေမွှေးကိုအေးတဲ့နေရာနဲ့ မှောင်တဲ့နေရာမှာ သိမ်းပါ

ရေမွှေးကို နေရောင်ခြည်ထိတဲ့နေရာမှာထားတာက အနံ့တွေပျက်စေပါတယ်။ အေးတဲ့နေရာနဲ့ မှောင်တဲ့နေရာမှာပဲ ရေမွှေးကိုထားပါ။ ရေချိုးခန်းထဲမထားပါနဲ့။ ကိုယ့်ဘီဒို၊ အံဆွဲစတဲ့နေရာတွေမှာ ထည့်ထားတာတော့ အကောင်းဆုံးပါပဲ။

Source: www.independent.co.uk