ခြေသည်းပုံဖော်ရတာ သဘောကျတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပြီး လှလည်းလှတဲ့ ပန်းပွင့်ပုံ ခြေသည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် လူကြီးလူငယ်အားလုံးနဲ့ လိုက်ဖက်တဲ့အပြင် ခြေသည်းအရှည်မထားလည်း ပုံဖော်ရင်လှနေမယ့် ဒီဇိုင်းလေးပါ။

ဒီခြေသည်းဒီဇိုင်းလေးကျတော့ အရမ်းလှပါတယ်။ ခြေသည်းကို တစ်ရောင်ထဲဆိုးလည်းရသလို ဒီလိုမျိုး နှစ်ရောင်စပ်ဆိုးလည်း ရပါတယ်။

အဖြူပေါ်မှာ ပုံဖော်ထားတာဖြစ်လို့ ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေမယ့် ခြေသည်းဒီဇိုင်းလေးပါ။ လူကြီးလူငယ် အားလုံးနဲ့ လိုက်ဖက်ပါတယ်။

ပန်းပွင့်ဒီဇိုင်းအဆန်းလေးဖြစ်ပြီး အရမ်းလှပါတယ်။ အနီရောင်လေးဖြစ်လို့ ကြည့်လိုက်တာနဲ့ ထင်းပြီး ပေါ်လွင်နေမှာ သေချာပါတယ်။

အညိုနဲ့အဖြူကို ပုံဖော်ထားတဲ့ ဒီခြေသည်းဒီဇိုင်းလေးကတော့ အရောင်ငြိမ်တာလေးတွေ ကြိုက်တဲ့သူတွေအတွက် ကွက်တိပါပဲ။ အရမ်းလည်းလှသလို လူကြီးလူငယ် အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။

ကြက်သွေးရောင်လို အနီပုပ်ပုပ်လေး ဆိုးမယ်ဆိုရင် ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရမ်းလှပါတယ်။ ဒါလည်း လူကြီးလူငယ် အားလုံးနဲ့ လိုက်ဖက်တာပါပဲ။

အရောင်လေးကအစ အသားဆောင်ပြီး ဒီဇိုင်းကလည်း အရမ်းလှပါတယ်။ ဒါကတော့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေ ပိုပြီးသဘောကျမယ်လို့ ထင်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုလည်း လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးကျတော့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတာဖြစ်လို့ လူငယ်ကောင်မလေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။

အဖြူနဲ့အကြည်မှာ ပုံဖော်ထားတဲ့ ဒီခြေသည်းဒီဇိုင်းလေးကတော့ ရိုးရိုးလေးနဲ့လှတဲ့ပုံစံလေးပါ။ လူကြီးလူငယ် အားလုံးနဲ့ လိုက်ဖက်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးကျတော့ ခြေသည်းအတိုလေးတွေမှာ ပုံဖော်မယ်ဆိုရင် ချစ်ဖို့ကောင်းနေမှာဖြစ်ပြီး ခြေသည်းအရှည်တွေမှာ ပုံဖော်ရင်တော့ လှပနေမှာပါ။

လူကြီးလူငယ်အားလုံးနဲ့လိုက်ဖက်ပြီး ဒီဇိုင်းလေးကလည်း မြင်နေကျပုံစံတွေနဲ့ သိပ်မတူတာကြောင့် အရမ်းလှပါတယ်။

Photo source:www.pinterest.com