တချို့ဖက်ရှင်လေးတွေက ဦးထုပ်လေးတွေဆောင်းလိုက်ရင် ပိုပြီးချစ်ဖို့ကောင်းသွားတာမျိုး၊ ပိုပြီးလူငယ်ဆန်သွားတာမျိုး ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဦးထုပ်လေးဆောင်းထားရင် ပိုပြီးချစ်ဖို့ကောင်းနေမယ့် ဖက်ရှင်စတိုင်လ်တွေကို မျှဝေပေးလိုက်ပါတယ်။

တီရှပ်အပွကို ဘောင်းဘီတိုလေးနဲ့တွဲဝတ်ပြီး အပေါ်ကနေ ကုတ်လေးထပ်ဝတ်ထားတာမျိုးက ဦးထုပ်ဆောင်းလိုက်ရင် ပိုပြီးလူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းပါတယ်။ ကိုရီးယားစတိုင်လ်လေးလည်း ဖြစ်ပါတယ်။

ဒီဖက်ရှင်စတိုင်လ်လေးဆိုရင် ဦးထုပ်လေးဆောင်းထားမှ ပိုပြီး Perfect ဖြစ်သွားစေတာပါ။

လုံးဝကို ပေါ့ပါးလွတ်လပ်တဲ့ Freestyle လေးဖြစ်နေစေမယ့် ဖက်ရှင်လေးပါ။ ဦးထုပ်ဆောင်းရင် ပိုလိုက်ပါတယ်။

Oversize Tee တွေကို ဂျင်းအတိုလေးတွေနဲ့တွဲဝတ်ပြီး Sneakers စီးတာမျိုးက လွတ်လပ်ပေါ့ပါးတဲ့ လူငယ်စတိုင်လ်လေးပါပဲ။ ဦးထုပ်လေးဆောင်းလိုက်ရင်တော့ ပိုပြီး ပြည့်စုံသွားမှာပါ။

ဂါဝန်အတိုလေးဝတ်ပြီး ချစ်ဖို့ကောင်းတဲ့ ကိုရီးယားစတိုင်လ်မျိုးလေး လုပ်ချင်တယ်ဆိုရင်တော့ Sneakers လေးစီးပြီး ဦးထုပ်ဆောင်းလိုက်ပါ။

ဒီဖက်ရှင်စတိုင်လ်လေးဆိုလည်း ဦးထုပ်လေးဆောင်းလိုက်တော့ ပိုပြီးလူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းသွားပါတယ်။

ဒီဖက်ရှင်ကတော့ အခုနောက်ပိုင်း အရမ်းခေတ်စားတဲ့ ဖက်ရှင်စတိုင်လ်လေးပါ။ ဦးထုပ်လေးဆောင်းထားရင် ပိုပြီးလိုက်ဖက်ပါတယ်။ လူငယ်လည်းပိုဆန်ပါတယ်။

Freestyle ပုံစံလေးနဲ့ စမတ်ကျနေစေမယ့် ဖက်ရှင်လေးပါ။ ကိုရီးယားမလေးတွေ အမြဲဝတ်နေကျ ဖက်ရှင်စတိုင်လ်လေးလည်း ဖြစ်ပါတယ်။

ဒီလိုဂျင်းစကပ်အရှည်လေးတွေကလည်း အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတာပါ။ ဒီစကပ်လေးဝတ်ထားရင် ဦးထုပ်ဆောင်းတာက ပိုလူငယ်ဆန်ပါတယ်။

ဂါဝန်အရှည်လေးဝတ်ပြီး ဦးထုပ်ဆောင်းတာမျိုးကျတော့ ပေါ့ပါးပြီး ချစ်ဖို့ကောင်းတဲ့ Look လေးဖြစ်ပါတယ်။ ခရီးသွားတဲ့အခါမျိုးမှာဆို ပိုတောင်လိုက်ဖက်ပါသေးတယ်။ ထသွားထလာအတွက်လည်း ကွက်တိပါပဲ။

ဒီလို ဂျင်းဘောင်းဘီလေးတွေကို ဝတ်မယ်ဆိုရင် ဖိနပ်ကို Sneakers စီးပါ။ ဦးထုပ်ဆောင်းတာနဲ့လည်း အရမ်းလိုက်ဖက်ပြီး လူငယ်ဆန်ပါတယ်။

Photo source:www.pinterest.com