အခုတလော ရာသီဥတုကလည်း အရမ်းပူတဲ့အတွက် အပြင်သွားမယ်ဆိုရင် သက်တောင့်သက်သာဖြစ်ပြီး အပူဒဏ်သက်သာစေမယ့်၊ ပေါ့ပါးမှုရှိစေမယ့် အဝတ်အစားမျိုးကို ရွေးဝတ်သင့်ပါတယ်။ ဒီလိုဝတ်တဲ့အခါမှာလည်း ချစ်စရာကောင်းပြီး ဖက်ရှင်ကျနေဖို့ ရာသီဥတုပူတဲ့အချိန်မှာ ဘယ်လိုဖက်ရှင်မျိုးကို ရွေးဝတ်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

ဘောင်းဘီအရှည်ဝတ်မယ်ဆိုရင် အကားလေးတွေ၊ အရမ်းမထူတာမျိုးတွေကို ကြိုးတစ်လုံးအင်္ကျီလေးတွေ၊ လက်ပြတ်လေးတွေနဲ့ တွဲဝတ်ပေးပါ။

ဂါဝန်လေးတွေဆိုလည်း နည်းနည်းကားပြီး ပါးတာလေးတွေ၊ ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ ဂါဝန်တိုလေးတွေကို ရွေးဝတ်ပါ။

ဘောင်းဘီတိုလေးတွေကို အေးတဲ့အသားဖြစ်တဲ့ ရှပ်အင်္ကျီလေးတွေနဲ့ တွဲဝတ်ပေးပါ။

စကပ်တိုလေးတွေဝတ်မယ်ဆိုလည်း ပါးတဲ့အင်္ကျိလေးတွေ၊ အင်္ကျီအဖြူလေးတွေနဲ့ တွဲဝတ်ပါ။ Crop top လေးတွေနဲ့လည်း တွဲဝတ်လို့ အဆင်ပြေပါတယ်။

အဖြူရောင်တွေကို အဓိကထားပြီးလည်း ဝတ်နိုင်ပါတယ်။ အဖြူရောင်က ပူပြင်းတဲ့ရာသီဥတုအတွက် အကောင်းဆုံးပါပဲ။