မိန်းကလေးတွေအတွက် နွေရာသီမှာ မရှိမဖြစ်အနေနဲ့တောင် ဆောင်ထားဖို့လိုတဲ့ fashion accessories တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဦးထုပ်

နွေရာသီမှာ ဦးထုပ်ကတော့ မရှိမဖြစ်လိုပါတယ်။ နေအရမ်းပြင်းတော့ နေရောင်ခြည်ဒဏ်ကြောင့် ဆံသားပျက်စီးတာ၊ ခြောက်သွေ့ဖွာလန်ကြဲတာတွေ ဖြစ်လာပါလိမ့်မယ်။

နေကာမျက်မှန်

အခုနောက်ပိုင်းမှာ နေကာမျက်မှန်တပ်တာက fashion တစ်ခုလိုတောင် ဖြစ်နေတာမို့ နေကာမျက်မှန်တော့ ဆောင်ထားသင့်ပါတယ်။ နေကာမျက်မှန်က နွေရာသီအတွက်ဆို ပိုတောင်လိုပါသေးတယ်။ မျက်လုံးကို အကာအကွယ်ဖြစ်စေပါတယ်။ နေရောင်ခြည်က မျက်စိကိုတိုက်ရိုက်နေထိုးရင် မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေဖြစ်လွယ်မယ်၊ မျက်ကွင်းညိုတာတွေ ပိုဆိုးလာပါမယ်။ ဒါကြောင့် နေပူထဲထွက်ရင် နေကာမျက်မှန်တပ်တာက ကောင်းပါတယ်။

ပုဝါ

ပုဝါကတော့ နွေရာသီမှာ သွားလေရာ အိတ်ထဲထည့်ဆောင်သွားရင် ကိုယ်လိုအပ်သလို fashion တစ်ခုအဖြစ် ထုတ်သုံးလို့ရပါတယ်။ အိတ်မှာအလှဆင် ချည်လို့ရသလို၊ အင်္ကျီကော်လံမှာ ပတ်လို့လည်းရပါတယ်။ လက်မှာစတိုင်လ်လုပ်ပြီး ချည်လို့လည်းရပါတယ်။ ဒါ့အပြင် အရမ်းပူလာရင် ခေါင်းစည်းကြိုးမပါတဲ့အခါ ဆံပင်လည်းစည်းလို့ရပါသေးတယ်။

ခေါင်းစည်းကြိုး၊ ကလစ်

နွေရာသီမှာ မိန်းကလေးတိုင်းရဲ့အိတ်ထဲ ခေါင်းစည်းကြိုး (သို့) ကလစ် ဆောင်ထားသင့်ပါတယ်။ ဒါမှ ပူတဲ့အချိန် ဆံပင်စည်းတာ၊ လှန်တင်တာမျိုးတွေ အလွယ်တကူလုပ်လို့ရမှာပါ။

Slipper

နွေရာသီအတွက် ဖိနပ်ရွေးချယ်မယ်ဆိုရင်တော့ စီးရတာပေါ့ပါးလွတ်လပ်မှုရှိပြီး သက်တောင့်သက်သာလည်း ဖြစ်စေမယ့် slipper လေးတွေစီးဖို့ကိုပဲ အကြံပေးချင်းပါတယ်။ ချွေးထွက်တတ်တဲ့သူတွေအတွက်လည်း slipper လေးတွေက ပိုအဆင်ပြေပါတယ်။