ခေါင်းကိုက်ပြီဆိုရင် တော်တော်များများက အကိုက်ခဲပျောက်ဆေးတွေ သောက်လေ့ရှိကြပါတယ်။ တစ်ခါတစ်လေသောက်တာက ဘာမှမဖြစ်ပေမယ့် အကိုက်အခဲပျောက်ဆေးကို ခဏခဏသောက်ရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။ ခဏခဏသောက်လွန်းရင် ဆေးမတိုးတော့တာမျိုးလည်း ဖြစ်လာပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာမျိုးနဲ့ သက်သာအောင်လုပ်လို့ရတဲ့အတွက် ဆေးသောက်မယ့်အစား ဒါမျိုးပြောင်းလုပ်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။

ဒါကြောင့် အိမ်မှာနေရင်းနဲ့ အားတဲ့အချိန်လေးမှာလုပ်လို့ရအောင် ခေါင်းခဏခဏကိုက်တတ်တဲ့သူတွေ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းထိုင်ပြီး ဗိုက်နဲ့ ရင်ဘတ်က ခြေထောက်နဲ့ ထိကပ်နေရပါမယ်။ လက်ကိုလည်း ဆန့်ထုတ်ထားရပါမယ်။ အဲ့အတိုင်း စက္ကန့် ၆၀ နေပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း စက္ကန့် ၆၀ ပြည့်အောင် နေပေးရပါမယ်။ ခြေထောက်နဲ့ ခါးရိုးက ဆန့်တန်းထားရပါမယ်။ လက်နှစ်ဖက်ကိုလည်း ရှေ့ကို ဆန့်ထုတ်ထားရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း ခါးအောက်မှာ ခေါင်းအုံးခံပြီး ခြေထောက်နှစ်ချောင်းကို နံရံမှာ ထောင်ထားပါ။ လက်နှစ်ဖက်ကိုလည်း ဘေးကို ဆန့်ထုတ်ထားပါ။ အဲ့အတိုင်း စက္ကန့် ၉၀ နေပေးပါ။

ပုံမှာပြထားတဲ့အတိုင်း ခြေဖဝါးနှစ်ခုကို ကပ်ထားပါ။ လက်ကိုလည်း ပုံမှာပြထားတဲ့အတိုင်း လုပ်ထားပါ။ အဲ့အနေအထားနဲ့ စက္ကန့် ၃၀ နေပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ခြေထောက်ကို လုံးဝမကွေးပဲ ဆန့်ပြီး ငုံ့နိုင်အောင်လုပ်ပါ။ အဲ့အနေအထားနဲ့ စက္ကန့်ပိုင်းလောက်နေပြီး ၅ ကြိမ်လောက် ပြန်လုပ်ပါ။