ကလေးမွေးထားပြီးရင် ဗိုက်ပူတော့ ဗိုက်ချပ်ချင်ကြတာပါပဲ။ ဒါပေမယ့် ဗိုက်ချပ်ချင်တယ်ဆိုပြီး တချို့က မွေးပြီး ၃ လလောက်မှာ လေ့ကျင့်ခန်းလုပ်တာမျိုးတွေ ရှိပါတယ်။ အန္တရာယ်အရမ်းများတဲ့အတွက် မလုပ်သင့်ပါဘူးနော်။

ပုံမှန်ဆိုရင်တောင် ကလေးမွေးပြီး အနည်းဆုံး ၆ လလောက်မှ လေ့ကျင့်ခန်းစလုပ်သင့်တာပါ။ ဒါတောင်မှ တစ်ယောက်နဲ့တစ်ယောက်က မတူတဲ့အတွက် တချို့ဆို ၆ လကြာရင်တောင် လုပ်လို့ မရသေးပါဘူး။ လုပ်မယ်ဆိုရင်လည်း အကောင်းဆုံးကတော့ မပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုပဲ လုပ်သင့်ပါတယ်။

ကလေးမွေးပြီး ဝိတ်ကျချင်တယ်၊ ဗိုက်အရမ်းမပူချင်ဘူးဆိုရင် အန္တရာယ်အကင်းဆုံးနဲ့ အကောင်းဆုံး နည်းလမ်းကတော့ လမ်းလျှောက်ပေးပါ၊ အထိုင်မများအောင် လှုပ်ရှားပေးပါ၊ အဆီအစိမ့်များတဲ့ အစားအစာတွေကို ရှောင်ပါ၊ အချိုရည်တွေကိုရှောင်ပါ။

လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လည်း အန္တာရာယ်ကင်းအောင်လို့ ကလေးမွေးထားတာမကြာသေးတဲ့မိခင်တွေ မလုပ်သင့်တဲ့၊ ရှောင်သင့်တဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လည်း ကလေးမွေးထားတာ အနည်းဆုံး ၆ လ မပြည့်မချင်း အခုဖော်ပြပေးထားတဲ့ လေ့ကျင့်ခန်းတွေကို လုံးဝမလုပ်ပါနဲ့။ ဗိုက်ခွဲမွေးထားတဲ့သူတွေအတွက်ဆိုရင် ဒီလေ့ကျင့်ခန်းတွေက ပိုပြီးတောင် အန္တရာယ်များပါတယ်နော်။

Planks ထောက်တဲ့လေ့ကျင့်ခန်း

ဗိုက်ချပ်အောင်လုပ်တဲ့ Crunches လေ့ကျင့်ခန်း

အလေးမတဲ့လေ့ကျင့်ခန်း

ဗိုက်ချပ်အောင်လုပ်တဲ့ အိပ်ထမတင်လေ့ကျင့်ခန်း

Push-ups လေ့ကျင့်ခန်းနဲ့ ဒိုက်ထိုးခြင်း

ဗိုက်ချပ်အောင်လုပ်တဲ့ Bicycle twists လေ့ကျင့်ခန်း

ဗိုက်ကြောတင်းစေတဲ့ အချို့သော ယောဂကျင့်စဉ်များ

ဗိုက်ချပ်အောင်လုပ်တဲ့ Leg extensions လေ့ကျင့်ခန်း

Source:www.brightside.me