ခြေသည်းလက်သည်းတွေပျက်စီးအောင် တော်တေ်ာများများ နေ့စဉ်ပြုလုပ်မိနေတဲ့ အလေ့အကျင့်တွေကို ပြောပြပေးချင်ပါတယ်။ ဒါတွေကိုသိထားမှ ကိုယ်တိုင်လုပ်မိနေတယ်ဆိုရင်လည်း ပြင်လို့ရမှာပါ။ လက်သည်းရှည်ထားတဲ့သူပဲဖြစ်ဖြစ်၊ မထားတဲ့သူပဲဖြစ်ဖြစ် ဂရုစိုက်ဖို့လိုပါတယ်။

Hairspray ခဏခဏသုံးခြင်း

Hairspray ထဲမှာက alcohol 50% ပါဝင်တာကြောင့် လက်နဲ့ခံပြီးဖြန်းတဲ့အခါမှာ လက်သည်းတွေကို ထိပါတယ်။ တစ်ခါတစ်လေသုံးတာက ဘာမှမဖြစ်ပေမယ့် ခဏခဏလက်သည်းကို ထိနေမှာဆိုရင်တော့ လက်သည်းတွေခြောက်ပြီး ပျက်စီးစေပါတယ်။

အသားမာနဲ့ပန်းကုံးတွေကိုဖယ်ခြင်း

လက်သည်း၊ ခြေသည်းမှာရှိတဲ့ အသားမာနဲ့ ပန်းကုံးတွေ၊ လက်စွယ်ငုတ်နေတာတွေကို ဖယ်မယ်ဆိုရင် ညှပ်ထုတ်တာမျိုး မလုပ်ပါနဲ့။ လက်သည်းလုပ်တဲ့တုတ်လေးနဲ့ သေချာလုပ်ပေးတာကမှာ ပိုပြီးကောင်းပါတယ်။

လက်သည်းအတုတပ်ခြင်း

ခြေသည်းကိုတော့ အတုတပ်တာရှားပေမယ့် လက်သည်းအတုတပ်တာတော့ အရမ်းလုပ်ကြပါတယ်။ လက်သည်းအတုတပ်တာက တစ်ခါတစ်လေပဲကောင်းပါတယ်။ ခဏခဏဆိုရင် လက်သည်းအရမ်းပျက်စီးစေပါတယ်။

လက်သည်းနီကိုအကြာကြီးထားခြင်း

လက်သည်းနီ၊ ခြေသည်းနီဆိုးပြီးရင် အများဆုံး ၂ ပတ်ထက် ပိုမထားသင့်ပါဘူး။ ဖျက်သင့်ပါတယ်။ အဲ့လိုမဟုတ်ပဲ ဆိုးပြီးအကြာကြီးထားရင် လက်သည်း၊ ခြေသည်းတွေဝါပြီး ပျက်စီးစေပါတယ်။

ထိပ်ပိတ်ဖိနပ်တွေစီးခြင်း

ထိပ်ပိတ်ဖိနပ်အကြပ်တွေကိုစီးတဲ့အခါမှာ ခြေချောင်းတွေနာရုံတင်မဟုတ်ပဲ ခြေသည်းတွေလည်း နာပါတယ်။ ခြေသည်းရှည်ထားတဲ့သူတွေဆိုရင် အချိန်ကြာကြာစီးထားတဲ့အခါမှာ ခြေသည်းကျိုးတာမျိုးတွေပါ ဖြစ်တတ်ပါတယ်။

Source :www.brightside.me