စိတ်ဖိစီးမှုရှိနေရင် ကိုယ်ရောစိတ်ပါ ပင်ပန်းရတာကြောင့် ဒီစိတ်ဖိစီးမှုတွေကို ပျောက်အောင်လုပ်ဖို့ လိုပါတယ်။ အိပ်ယာထဲပဲလူးလိမ့်နေရင်၊ ထိုင်ပြီးစဉ်းစားနေရင်၊ အတွေးတွေများနေရင်တော့ စိတ်ဖိစီးမှုတွေက ပိုပြီးဆိုးလာဖို့့ပဲရှိပါတယ်။ ဒါကြောင့် စိတ်ပင်ပန်းမှုတွေ များနေရတဲ့ကြားထဲ ကိုယ့်အတွေးနဲ့ကိုယ် ထပ်နှိပ်စက်မိတာမျိုးတော့ မဖြစ်ပါစေနဲ့။ ဒီလိုမဖြစ်စေဖို့အတွက် စိတ်ဖိစီးမှုတွေလျော့ကျအောင် နေ့တိုင်းလုပ်ကြည့်သင့်တဲ့ လွယ်ကူသောအရာလေးတွေကို ပြောပြပေးလိုက်ပါတယ်။

Workout လုပ်ပါ

Workout လုပ်နေချိန်ဆိုရင် အာရုံစုစည်းပြီး သေချာလုပ်နိုင်တဲ့အတွက် စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။ Workout လုပ်ပြီးရင်လည်း ချွေးပုပ်တွေထွက်သွားတဲ့အတွက် ခန္ဓာကိုယ်က ပေါ့ပါးပြီး နေလို့ကောင်းသွားစေပါတယ်။

Game ဆော့ပါ

ယောင်္ကျားလေးအများစုအတွက်ကတော့ စိတ်ဖိစီးမှုများနေချိန်မှာ Game ဆော့တာက ပိုပြီးအဆင်ပြေမှာပါ။ Game ဆော့ရတာကြိုက်တဲ့ မိန်းကလေးတွေဆိုလည်း စိတ်ဖိစီးမှုများနေချိန် အတွေးတွေလွန်ပြီး လျှောက်တွေးနေမယ့်အစား Game သာ ထိုင်ဆော့နေပါ။ စိတ်ဖိစီးမှုလျော့ကျအောင်လည်း နေ့တိုင်း ခဏလောက် Game ဆော့တာမျိုး လုပ်ပေးနိုင်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်တာတွေများလာရင် စိတ်ဖိစီးမှုတွေက ပိုဆိုးလာနိုင်ပါတယ်။ နောက်ကျမှ အိပ်တာကလည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေပါတယ်။ ဒါကြောင့် ကောင်းမွန်စွာအိပ်စက်နိုင်ဖို့၊ အိပ်ရေးဝအောင်အိပ်ဖို့က အရမ်းအရေးကြီးပါတယ်။ အိပ်ရေးဝအောင်အိပ်ပြီး အစားအသောက်လည်း မှန်မှန်စားဖို့မမေ့ပါနဲ့။

သီချင်းနားထောင်ပါ

သီချင်းနားထောင်တာက စိတ်ပျော်ရွှင်ကြည်နူးမှုရစေသလို စိတ်ကိုလည်း Relax ဖြစ်စေတဲ့အတွက် နေ့တိုင်း ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်ပေးပါ။ စိတ်ဖိစီးမှုတွေလည်း လျော့ကျစေပါတယ်။

တရားထိုင်ပါ

တရားထိုင်ပေးခြင်းက စိတ်ဖိစီးမှုတွေလျော့ကျစေတဲ့အပြင် စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ စိတ်လည်းကြည်စေတဲ့အတွက် ဒီလိုစိတ်ဖိစီးမှုများနေချိန်၊ စိတ်ညစ်စရာတွေများနေချိန်မှမဟုတ်ပါဘူး။ နေ့တိုင်းထိုင်ပေးနိုင်ရင် ကိုယ့်အတွက်ပိုကောင်းပါတယ်။

photo source:www.freepik.com