လက်သည်းပုံဖော်ရတာ ဝါသနာပါလို့ အမြဲတမ်းဆိုင်သွားနေဖို့ကျတော့လည်း ပိုက်ဆံကုန်ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေတော့ အိမ်မှာပဲ ကိုယ်တိုင်ပုံဖော်လို့ရတဲ့ ဒီဇိုင်းလေးတွေကို လုပ်ကြည့်သင့်ပါတယ်။ ဘယ်လိုပုံဖော်ရမလဲမသိတဲ့သူတွေအတွက် ကိုယ်တိုင်ပုံဖော်လို့ရတဲ့ အလွယ်ကူဆုံး လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

လက်သည်းနီအကြည်လေးဆိုးပြီး အမဲနဲ့ ဒီလိုလေး ပုံဖော်ကြည့်ပါ။ အရမ်းလွယ်ပါတယ်။ အမဲမကြိုက်ရင် တခြားအရောင်တောက်တာလေးတွေနဲ့ ပုံဖော်ကြည့်ပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းလွယ်လွန်းပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့လည်းကောင်းတာကြောင့် ပုံဖော်ကြည့်လို့ရပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ပုံဖော်ရတာလွယ်ပါတယ်။ ဆိုင်မှာပုံဖော်ထားသလိုလေး ဖြစ်စေတာကြောင့် ကြိုးစားပြီးလုပ်ကြည့်ပါ။ အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

အရောင်လှလှလေးတွေ တွဲဆိုးပြီး အသည်းပုံစံ ခြစ်လိုက်ရုံပဲဆိုတော့ အရမ်းလွယ်ပါတယ်။

လက်သည်းနီအကြည်လေးဆိုးပြီး အစက်လေးတွေချတာဆိုတော့ ကလေးတောင်လုပ်တတ်ပါတယ်။ အလွယ်ကူဆုံးနဲ့ ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။

အဖြူဆိုးပြီး အမဲကို ဒီလိုလေးပုံဖော်တာ အရမ်းလွယ်ပါတယ်။ ဒီဇိုင်းတစ်မျိုးလေးဆန်းပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သန်းကို ပုံဖော်တာကတော့ လူတိုင်းလုပ်တတ်မှာပါ။ ပန်းပွင့်ပုံလေးကလည်း လွယ်ပါတယ်။ သေချာစိတ်ငြိမ်ငြိမ်ထားပြီး ပုံဖော်ကြည့်ပါ။ အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းဆိုလည်း အသည်းပုံကိုသာ အဓိကသေချာပုံဖော်ရမှာ ဖြစ်ပါတယ်။ လုပ်ရတာလွယ်ကူတဲ့ လက်သည်းဒီဇိုင်းပါပဲ။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း အလွယ်တကူ ကိုယ်တိုင်ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ရိုးရိုးလေးနဲ့ လှပါတယ်။

Photo source:www.pinterest.com