အကြောင်းအမျိုးမျိုးကြောင့် ပင်ပန်းထားသမျှတွေ ပြေပျောက်ပြီး Relax ဖြစ်စေဖို့အတွက် လုပ်ရတာလည်း လွယ်ကူတဲ့ လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် Try ကြည့်ကြည့်နော်။

Legs-up The Wall

ပုံမှာလုပ်ပြထားသလို နံရံမှာ ခြေထောက်နှစ်ဖက်ကိုကပ်ပြီး မြှောက်ထားပါ။ ၅ မိနစ်၊ ၁၀ မိနစ်လောက် နေပေးရပါမယ်။

Child Pose

ဒီလေ့ကျင့်ခန်းကတော့ ပုံမှာပြထားတဲ့ Child Pose အတိုင်း ၅ မိနစ်ပြည့်အောင်နေပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးရင် ရပါပြီ။

Neck Stretches

လည်ပင်းကို ဘယ်စောင်းလိုက်၊ ညာစောင်းလိုက်နဲ့ လုပ်ပေးရမှာပါ။ ပုံမှာလုပ်ပြထားသလို ခါးကိုမတ်ပြီး ထိုင်ပါ။ ပြီးရင် ဘယ်စောင်း၊ ညာစောင်းနဲ့ စက္ကန့် ၃၀ မှ စက္ကန့် ၆၀ အထိ လုပ်ပေးပါ။

Low Lunge

ပုံမှာပြထားတဲ့အတိုင်း ၃ မိနစ်လောက် အဲ့အတိုင်းနေပေးကာ အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ အချိန်ပြည့်ရင် ခြေထောက်အနေအထားကို ဘယ်ညာပြောင်းပြီး ခုနကအတိုင်းပဲ ထပ်လုပ်ပေးပါ။

Reclining Bound Angle Pose

ကြမ်းမှာလှဲအိပ်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေဖဝါးနှစ်ဖက်ကို ကပ်ထားပါ။ အဲ့အတိုင်း ၁၀ မိနစ်လောက်နေပြီး အသက်ကို ရှိုက်ပြီးရှူလိုက်၊ ခပ်ပြင်းပြင်း ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။