လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ အိမ်မှာ လွယ်လွယ်ကူကူ ပုံဖော်လို့ရမယ့် လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင် ဆိုင်မှာသွားဖော်ရတာထက် ကိုယ်တိုင်ပုံဖော်ကြည့်ရတာက အပျင်းလည်းပြေသလို ပျော်စရာလည်း ကောင်းပါတယ်။

Emoji ပုံလိုမျိုးလေးတွေ ပုံဖော်ထားတာ အရမ်းလွယ်ကူပြီး ချစ်ဖို့လည်းကောင်းပါတယ်။ အရောင်ကို တစ်ရောင်တည်းဆိုးတာထက် ဒီလိုရောင်စုံလေးဆိုးတာက ပိုလှပါတယ်။

လက်ငြိမ်ရင် ဒီပုံလေးလည်း ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီဇိုင်းလေးကဆန်းတဲ့အပြင် ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ပုံဖော်ရတာလည်း မခက်ခဲတာကြောင့် ကိုယ်တိုင်ပုံဖော်ကြည့်လို့ရပါတယ်။

အသည်းပုံလေးတွေကို ပုံဖော်ရတာက လွယ်ပါတယ်။ သွားကြားထိုးတံကိုသုံးပြီး ပုံဖော်လို့တောင် ရပါသေးတယ်။

အဖြူနဲ့အနီကိုဆိုးပြီး ပုံဖော်ထားတာလေးက ရှင်းရှင်းလေးနဲ့ ထင်းပြီးလှနေမှာပါ။ အိမ်မှာအလွယ်တကူ ပုံဖော်လို့ရတာကြောင့် Try ကြည့်ကြည့်ပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ပုံဖော်ရတာ လွယ်ကူတဲ့ ဒီဇိုင်းလေးပါပဲ။

အစက်လေးချလိုက်ရုံပဲမို့ အရမ်းလွယ်ကူတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ချစ်ဖို့လည်းကောင်းပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်မယ်ဆိုရင်တော့ အရောင်နုနုလေးတွေ ရွေးဆိုးပါ။

လက်သည်းအရှည်မထားတဲ့သူတွေအတွက် ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ပုံဖော်ရတာလည်း လွယ်ကူတာကြောင့် ပုံဖော်ကြည့်ပါ။

လက်ငြိမ်ရင် မျဉ်းဆွဲသလိုလေး ဆွဲလိုက်ရုံပဲမို့ လွယ်လွယ်ကူကူ ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းလေး ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရောင်စပ်ထားတာလေးက ဘိုဆန်ပြီး အရမ်းလှပါတယ်။ ခြေရာပုံလေးကို ပုံဖော်ရတာကလည်း လွယ်ကူတာကြောင့် စမ်းပြီးလုပ်ကြည့်ကြည့်ပါ။

Photo source:www.pinterest.com