သင့်ရဲ့တစ်နေ့တာမှာ ဒီအရာတွေကိုလုပ်နေမိသရွေ့ကတော့ ဝက်ခြံတွေ ခဏခဏထွက်နေအုံးမှာပါပဲ။

Makeup Wipes

Makeup Wipe တော်တော်များများမှာက alcohol, fragrances တွေပါဝင်ပါတယ်။ ဒါတွေက အသားခြောက်စေပါတယ်။ Sensitive skin တွေဆိုရင် အသားနီတာ၊ ယားတာတွေဖြစ်ပြီး ဝက်ခြံထွက်စေပါတယ်။ တည့်တဲ့သူလည်းရှိပေမယ့် မတည့်တဲ့သူနဲ့ဆို ဖုတွေ၊ ဝက်ခြံတွေထွက်စေပါတယ်။

Sunscreen မှားသုံးမိတာ

Sunscreen သုံးတဲ့အခါမှာလည်း ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့်ဟာဆို သေချာရွေးသုံးတတ်ဖို့လိုပါတယ်။ ကိုယ်ဘာနဲ့မတည့်ဘူးလဲဆိုတာကိုလည်း သိဖို့လိုပါတယ်။ တွေ့သမျှ Sunscreen ကို သုံးမိမယ်ဆိုရင်တော့ အခန့်မသင့်ရင် ဝက်ခြံတွေထွက်လာမှာပါ။

မျက်မှန်ကိုမသန့်စင်တာ

မျက်မှန်တပ်တဲ့သူတွေက ကိုယ့်မျက်မှန်ကို အမြဲသန့်စင်ပေးဖို့ လိုပါတယ်။ မှန်၊ ကိုင်းစတာတွေကို အရက်ပြန်နဲ့ သေချာသန့်စင်ပေးပါ။ အဲ့လိုမလုပ်ပေးပဲ ပြီးစလွယ်ပစ်ထားပြီး တပ်မယ်ဆိုရင်တော့ နှာခေါင်းနဲ့ မျက်လုံးအောက်နားမှာ ဝက်ခြံတွေပေါက်လာနိုင်ပါတယ်။

မျက်နှာခဏခဏသစ်တာ

မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်တာက တစ်နေ့ကို ၂ ကြိမ်ပဲသစ်ရမှာပါ။ အဲ့လိုမဟုတ်ပဲ တစ်နေ့ကို ၃ ခါလောက်သစ်နေမယ်၊ ခဏခဏ မျက်နှာသစ်ဆေးသုံးပြီး သစ်နေမယ်ဆိုရင်တော့ အသားခြောက်ပြီး ဝက်ခြံတွေထွက်လာမှာပါ။

Hair Product တွေကို အများကြီးသုံးတာ

Hair Product တွေကို အများကြီးသုံးတာက Skin ကိုလည်း လာထိစေပါတယ်။ ဒါ့အပြင် ဆံပင်မှာကပ်နေတဲ့ Chemical တွေ၊ အဆီတွေက မျက်နှာကိုလာထိနေတဲ့အခါ၊ အိပ်ရင်ဆံပင်က မျက်နှာကိုလာထိနေတဲ့အခါတွေမှာဆိုရင်တော့ ချွေးပေါက်တွေပိတ်ပြီး ပါးနဲ့မေးစိမှာ ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။

Workout လုပ်ပြီး ရေမချိုးတာ

Workout လုပ်ပြီးရင် ချွေးပုပ်တွေ အရမ်းထွက်ပါတယ်။ ချွေးတွေကလည်း Skin မှာကပ်နေတဲ့အတွက် ဘတ်တီးရီးယားတွေလည်း ကပ်လွယ်ပါတယ်။ ဒီလိုအချိန်မှာ ရေမချိုးပဲ အိပ်လိုက်မယ်ဆိုရင်တော့ ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေထွက်လာမှာပါ။ မျက်နှာမှာတင်မဟုတ်ပဲ ကျောတွေမှာလည်း ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။

Source: www.brightside.me