ဆံပင်တွေက အရင်ထက်ပိုပြီး တဖြေးဖြေးနဲ့ ပါးလာတာမျိုးကို ဖြစ်ဖူးကြမှာပါ။ ဆံပင်ပါးလာပြီဆိုရင် ထိပ်တွေပြောင်လာတာ၊ ဆံပင်တွေ ကွက်ကျွတ်တာမျိုးတွေ အရမ်းဖြစ်ပါတယ်။ ဒီလိုဆိုရင် မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကြည့်ရဆိုးစေတာမို့ ဆံပင်တွေ တဖြေးဖြေးနဲ့ပါးလာအောင် သင်ကိုယ်တိုင်ပြုလုပ်မိနေတဲ့ အမှားတွေကို ပြောပြပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင် ကိုယ်လုပ်မိနေတဲ့ အရာတွေကြောင့်ပဲ ဖြစ်တတ်တာမို့ သတိထားပြီး ဆင်ခြင်လို့ရအောင် ဘာတွေက မလုပ်သင့်ဘူးလဲဆိုတာကို သိထားဖို့ လိုပါတယ်။

နေရောင်ခြည်တိုက်ရိုက် ခဏခဏထိတာ၊ အပြင်သွားရင် နေပူထဲ ထီးမဆောင်း၊ ဦးထုပ်မဆောင်းပဲ သွားတာတွေက ဆံသား အရမ်းထိခိုက်ပျက်စီး စေပါတယ်။ ဆံပင်တွေ တဖြေးဖြေးကျွတ်ပြီး ပါးလာစေပါတယ်။

တစ်ချိန်လုံး ဆံပင်ကို တင်းကျပ်နေအောင် စုစည်းထားတာ၊ တင်းကျပ်နေအောင် ကျစ်ဆံမြီးတွေကျစ်တာမျိုးက ဆံပင်အရင်းကနေကိုကျွတ်ပြီး ဆံပင်ပါးစေပါတယ်။ ထိပ်ပြောင်စေပါတယ်။

ဆံပင်အဖျားတွေ၊ ပျက်စီးနေတာတွေကို တစ်လတစ်ခါ ညှပ်ထုတ်ပေးပါ။ ဆံပင်တိုသွားမှာစိုးလို့၊ ရှည်နေတဲ့ဆံပင်လေးတွေ တိုသွားမှာစိုးလို့ဆိုပြီး ပျက်စီးနေတဲ့ အောက်ဖျားတွေကို မညှပ်ပဲထားရင် ဆံပင်အရှည်နှေးပြီး ဆံပင်ပိုကျွတ်ပါမယ်။ ဆံပင်ကျွတ်တော့ တဖြေးဖြေးနဲ့ ဆံပင်ပိုပါးလာပါလိမ့်မယ်။

ရေပူနဲ့ ခေါင်းလျှော်တတ်ရင် ပြင်ဖို့လိုပါတယ်။ ရေပူနဲ့ခေါင်းလျှော်တာက ဆံပင်ကျွတ်ပြီး ဆံပင်တွေ သိသိသာသာကို ပါးလာစေပါတယ်။
အပူချောင်းတွေနဲ့ ဆံပင်ပုံသွင်းတာ၊ အပူချောင်းတွေနဲ့ စက်ဆွဲတာတွေက ဆံသားပျက်စီးပြီး ဆံပင်ကျွတ်စေသလို ဆံပင်လည်း ပါးစေပါတယ်။ ထိပ်ကနေ စကျွတ်တာမို့ ထိပ်ပြောင်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဆံပင်ရေစိုနေတဲ့အချိန်မှာ ခေါင်းဖြီးတာ၊ ဆံပင်ကို ဖြေးဖြေးချင်းစီ သေချာရှင်းပြီးမဖြီးပဲ ကြမ်းကြမ်းတမ်းတမ်းဖြီးတာတွေက ဆံပင်အဖျားကနေကျွတ်ပြီးတော့ကို ဆံပင်ပါးသွားစေပါတယ်။

Source: www.brightside.me