တစ်နေ့တာမှာ ကိုယ်လုပ်မိနေတဲ့အရာတချို့ကြောင့် အသားအရေကို ထိခိုက်ပျက်စီးစေတာမျိုးတွေ၊ အရေးအကြောင်းထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်အသားအရေကို ဂရုစိုက်ဖို့အတွက် မျက်နှာမှာ အရေးအကြောင်းတွေဖြစ်လာအောင် နေ့စဉ်ပြုလုပ်မိတတ်တဲ့ အလေ့အကျင့်တွေကို ပြောပြပေးလိုက်ပါတယ်။

ပီကေဝါးခြင်း

ပီကေကို တစ်ခါတစ်လေဝါးတာ ဘာမှမဖြစ်ပေမယ့် နေ့တိုင်းဝါးနေတာမျိုး၊ ခဏခဏဝါးနေတာမျိုးဆိုရင်တော့ ပါးစပ်နားတစ်ဝိုက်မှာ အရေးအကြောင်းနဲ့ lines တွေ ပေါ်လာနိုင်ပါတယ်။

ဖုန်းအကြည့်များခြင်း

ဖုန်းကြည့်တဲ့အခါမှာ မျက်နှာကိုငုံ့ကြည့်ရတာ များပါတယ်။ ဒါကြောင့် လည်ပင်းမှာ အရေးအကြောင်းတွေ ပေါ်လာတာမျိုး၊ ဖုန်းကြည့်တာများတော့ unhealthy lifestyle ဖြစ်ပြီး မျက်လုံးနားတစ်ဝိုက်မှာလည်း အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။

နေကာမျက်မှန်မပါပဲနေပူထဲလျှောက်သွားခြင်း

နေပူထဲလျှောက်သွားတဲ့အခါမှာ အကာအကွယ်မပါပဲ မသွားသင့်ပါဘူး။ အသားအရေ ပျက်စီးစေပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့် မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းနဲ့ lines တွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

ဘေးတစ်စောင်းအိပ်ခြင်း

ဘေးတစ်စောင်းအိပ်ရင် ပါးက ခေါင်းအုံးနဲ့ထိပြီး ပွတ်နေသလို၊ ဖိထားသလိုတွေဖြစ်လို့ မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာစေပါတယ်။ ဒါက အချိန်ကြာလာတဲ့အခါမှာ ဖြစ်လေ့ရှိပါတယ်။

Sleep mask တပ်အိပ်ခြင်း

Sleep mask တပ်အိပ်တာက အမြဲတမ်းဖြစ်နေမယ်ဆိုရင်တော့ ကြာလာတဲ့အခါ မျက်လုံးဘေးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် Sleep mask က မသန့်ရင် ယားယံတာမျိုး၊ အဖုတွေပေါက်တာမျိုး၊ ဝက်ခြံပေါက်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

မျက်မှောင်ကျံုံ့နေခြင်း

တစ်ချိန်လုံး မျက်မှောင်ကျံုံ့နေတတ်တဲ့သူတွေရဲ့ မျက်နှာက ကြာလာရင် အထူးသဖြင့် နဖူးနဲ့ မျက်ခုံးကြားမှာ အရေးအကြောင်းတွေ သိသိသာသာပေါ်လာစေပါတယ်။

source:www.brightside.me