လူငယ်ကောင်မလေးတွေက ဓာတ်ပုံရိုက်တဲ့အခါမှာ Pose မျိုးစုံပေးလို့ အဆင်ပြေပါတယ်။ ကလေးဆန်သွားမှာလည်း ပူစရာမလိုပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာတော့ လူငယ်ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ Cute Pose Idea တွေကို မျှဝေပေးလိုက်ပါတယ်။

ထိုင်ခုံမှာ ထိုင်ရိုက်ရင် ဒီလိုလေးထိုင်ပြီး Pose ပေးကြည့်ပါ။ ရိုက်ပေးတဲ့သူကလည်း နည်းနည်းအပေါ်စီးကနေ ရိုက်ပေးပါ။ ဒါဆို ပိုလှမှာပါ။

ဒီ Pose လေးဆိုလည်း ချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။ ဆံပင်ရှည်ရှည်လေးတွကိုချပြီး ဒီလိုလေး Pose ပေးရင် ပိုတောင်လှပါသေးတယ်။

လက်ကို ဘယ်နားထားရမှန်းမသိဘူးဆိုရင် ဒီ Pose လေးအတိုင်း ရိုက်ကြည့်ပါ။ မျက်နှာလေးကို ပြုံးထားလေ ချစ်ဖို့ကောင်းလေပါပဲ။

ကောင်းကင်ပါအောင် ရိုက်တဲ့အခါမှာ ဒီလိုလေး Pose ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းသလို လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေး ဖြစ်စေပါတယ်။ အင်္ကျီအရောင်ကို မိုးပြာရောင်လေးဝတ်ပြီး ရိုက်ရင်တော့ Perfect ဖြစ်နေမှာပါ။

ဒီလို Pose လေးကလည်း လူငယ်ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းပါတယ်။

ဘောင်းဘီရှည်လေးဝတ်ပြီး ဆိုဖာမှာ ထိုင်ရိုက်မယ်ဆိုရင် ဒီ Pose လေးအတိုင်း ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို မိုက်လည်းမိုက်ပါတယ်။ လက်ညှိုးလေးထောက်ပြီးနေတဲ့ ပုံစံလေးကြောင့် ပိုချစ်ဖို့ကောင်းသွားတာပါ။

လှလှပပလေးဝတ်စားထားပြီးရင် ဒီလိုလေး Pose ပေးကြည့်ပါ။ သူများနဲ့မတူပဲ ချစ်ဖို့ကောင်းသလို ဆွဲဆောင်မှုလည်း ရှိစေပါတယ်။

တစ်ခါတစ်လေကျရင် ဒီလိုလေး လက်နှစ်ချောင်းထောင်ပြီး Pose ပေးတာလေးကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။

လူငယ်ကောင်မလေးတွေနဲ့ လိုက်ဖက်ပြီးတော့ အရမ်းချစ်ဖို့ကောင်းနေစေမယ့် Pose လေးပါ။ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်ကိုလည်း အားလုံးပေါ်လွင်စေပါတယ်။

ဒီလိုလေးထိုင်ပြီး လက်လေးနှစ်ဖက်ကို ပါးမှာထောက်ထားပြီး Pose ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေနဲ့လည်း အရမ်းလိုက်ဖက်တဲ့ Pose လေးပါ။

Photo source:www.pinterest.com