Stress တွေလျော့သွားပြီး ကိုယ့်ရဲ့တစ်နေ့တာကို စိတ်ချမ်းသာစွာနဲ့ဖြတ်သန်းနိုင်ဖို့အတွက် ကူညီပေးမယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်နေ့တာမှာ ဒီအရာတွေကိုသာ လုပ်နေမယ်ဆိုရင်တော့ စိတ်ညစ်စရာတွေကိုလည်း မေ့နေပြီး စိတ်ချမ်းသာစွာနဲ့ နေနိုင်မှာပါ။

အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့အချိန်ဖြုန်းပါ

အိမ်မွေးတိရိစ္ဆာန်လေးနဲ့ အချိန်ဖြုန်းရတာက စိတ်ပျော်ရွှင်ကြည်နူးမှု ရစေပါတယ်။ သူတို့လေးတွေနဲ့ဆို စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကိုတောင် မေ့နေတတ်လို့ တစ်နေ့တာအတွက် stress တွေ လျော့ကျသွားစေပါတယ်။
မုန့်စားရင်းရုပ်ရှင်တွေကြည့်ပါ။

ရုပ်ရှင်တွေကြည့်ပါ

မုန့်စားရင်းနဲ့ ရယ်ရတဲ့ရုပ်ရှင်တွေကြည့်တာမျိုး၊ လေကောင်းလေသန့်ရပြီး တိတ်ဆိတ်တဲ့နေရာမှာ laptop တစ်လုံးနဲ့ အေးဆေးအနားယူကာ ကိုယ်ကြည့်ချင်တဲ့ရုပ်ရှင်တွေ ကြည့်တာမျိုးက စိတ်ပျော်ရွင်မှု၊ စိတ်ချမ်းသာမှု ရစေပါတယ်။ stress တွေ၊ စိတ်ညစ်စရာတွေ အားလုံးပျောက်သွားစေပါတယ်။

ရေချိုးရင်းနဲ့သီချင်းအော်ဆိုပါ

ရေချိုးရင်းနဲ့ သီချင်းအော်ဆိုတာက စိတ်ဖိစီးမှုတွေ stress တွေလျော့ကျပြီး စိတ်ပေါ့ပါးလန်းဆန်းသွားစေပါတယ်။ ဒါလည်း ရေချိုးရင်လုပ်ကြည့်သင့်တဲ့ အရာတစ်ခုပါ။

စာအုပ်ဖတ်ပါ

စာအုပ်ဖတ်တာကတော့ စိတ်ညစ်စရာတွေကို မတွေးမိတော့ပဲ အာရုံစုစည်းနိုင်ပြီး စိတ်တည်ငြိမ်စေပါတယ်။ တိတ်ဆိတ်ပြီး လေကောင်းလေသန့်ရတဲ့နေရာလေးမှာ စာအုပ်ထိုင်ဖတ်နေရရင်တော့ စိတ်ချမ်းသာစရာတစ်ခုပါပဲ။

ကိုယ်ချစ်တဲ့သူနဲ့အချိန်ကုန်ဆုံးပါ

ကိုယ်ချစ်တဲ့သူနဲ့ အချိန်ကုန်ဆုံးရရင်လည်း စိတ်ညစ်စရာတွေ stress တွေမေ့ပြီး စိတ်ပျော်ရွှင်ရစေပါတယ်။ စိတ်ချမ်းသာမှုလည်း ရစေပါတယ်။

တရားထိုင်၊ ယောဂကျင့်ပါ

တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာမျိုးက စိတ်တည်ငြိမ်အေးချမ်းပြီး stress တွေလျော့ကျစေပါတယ်။ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေလျော့သွားတဲ့အတွက် စိတ်ချမ်းသာရပါတယ်။