Stress တွေများပြီး စိတ်ဖိစီးနေတဲ့သူတွေ၊ ပင်ပန်းနေတဲ့သူတွေအတွက် သင့်ရဲ့တစ်နေ့တာမှာ Stress တွေလျော့ကျပြီး စိတ်ချမ်းသာမှုရရှိစေဖို့ ကူညီပေးမယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့အချိန်ကုန်ပါ

အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ အချိန်ကုန်ပေးရင် စိတ်ချမ်းသာပြီး ပျော်ရွှင်ရပါတယ်။ စိတ်ပင်ပန်းမှုတွေ လျော့ကျပြီး Stress တွေလည်း ပြေပျောက်စေပါတယ်။

အိမ်သန့်ရှင်းရေးလုပ်ပါ

အိမ်သန့်ရှင်းရေးလုပ်နေတဲ့အချိန်မှာ Stress တွေလျော့ကျစေပါတယ်။ ရှင်းပြီးလို့ သန့်ရှင်းသပ်ရပ်ပြီး Decoration တစ်မျိုးပြောင်းသွားရင်လည်း စိတ်ပျော်ရွှင်ရပါသေးတယ်။

စားသောက်ရင်းနဲ့ရုပ်ရှင်ကြည့်ပါ

ရုပ်ရှင်ကို ဒီတိုင်းကြည့်တာထက်စာရင် မုန့်တွေစားသောက်ပြီး ကြည့်ရတာက ပိုမိုက်ပါတယ်။ စိတ်ဖိစီးတွေ ချက်ချင်းပြေပျောက်စေပါတယ်။

သဘာဝအသီးဖျော်ရည်တွေသောက်ပါ

သဘာဝအသီးဖျော်ရည်တွေကို အိမ်မှာ တစ်နေ့တစ်ခွက် ဖျော်သောက်ပေးပါ။ ဒီလိုသောက်ပေးခြင်းက ကိုယ်ခံအားစနစ်ပိုကောင်းစေပြီး Stress တွေလည်း လျော့ကျစေပါတယ်။ အသားအရေလည်း လှစေပါတယ်။

သီချင်းအော်ဆိုပါ

သီချင်းကို အကျယ်ကြီးအော်ဆိုပြီး ကခုန်နေလိုက်ရင် စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်ရွှင်ရပါတယ်။ လုံးဝကို စိတ်ပေါ့ပါးသွားစေတာကြောင့် Stress တွေလည်း လျော့သွားစေပါတယ်။

မိသားစု၊ သူငယ်ချင်းတွေနဲ့ခရီးထွက်ပါ

မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ခရီးထွက်ပေးရင်လည်း စိတ်ချမ်းသာပြီး ပျော်ရွှင်ရပါတယ်။ စိတ်အပြောင်းအလဲဖြစ်စေတာကြောင့် Stress တွေလည်း ပျောက်သွားစေပါတယ်။

ချစ်သူနဲ့တွေ့ပါ

ချစ်သူရှိတဲ့သူဆိုရင် ကိုယ့်ချစ်သူနဲ့တွေ့ပြီး ပျော်စရာအချိန်တွေဖန်တီးကြည့်ပါ။ စိတ်ချမ်းသာပြီး ညစ်နေတာတွေအားလုံး ပျောက်သွားပါလိမ့်မယ်။

တရားထိုင်ပြီးအသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှု Stress တွေ အားလုံးပျောက်ပြီး စိတ်ချမ်းသာစေဖို့၊ စိတ်တည်ငြိမ်အေးချမ်းစေဖို့ တရားထိုင်ပြီး အသက်ကိုခပ်ပြင်းပြင်း ရှူရှိုက်ပြီး ပြန်ထုတ်တာမျိုး လုပ်ပေးပါ။ နေ့တိုင်းလုပ်ပေးရင် ပိုကောင်းပါတယ်။