သင်သဘောကျနေတဲ့ ကောင်မလေးက သင့်အပေါ်မှာ ပြန်မကြိုက်ပဲ ဒီအချက်တွေကို လုပ်နေတယ်ဆိုရင်တော့ သူက တစ်ယောက်ထဲပဲနေချင်တဲ့ သူတစ်ယောက်ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။

စကားပြောရင်သင့်မျက်နှာကိုလုံးဝမကြည့်ခြင်း

သင်နဲ့စကားပြောရင် သင့်မျက်နှာကို လုံးဝမကြည့်ပဲ သူလုပ်စရာရှိတာကို လုပ်နေတာမျိုး၊ တခြားကို အာရုံရောက်နေတာမျိုးတွေ လုပ်နေတာဆိုရင် သင့်ကိုအလေးမထားဘူးဆိုတာ အရမ်းသိသာပါတယ်။

ဖုန်းနဲ့ပဲ Busy ဖြစ်နေခြင်း

သင်နဲ့တွေ့လည်း သူ့ဖုန်းနဲ့ပဲ busy ဖြစ်နေတာမျိုး၊ သင့်ကိုမှမဟုတ်ပဲ တခြားသူ့အနားလာတဲ့ ဘယ်ယောင်္ကျားလေးကိုမှ စိတ်မဝင်စားပဲ သူ့ဖုန်းနဲ့ပဲ အမြဲအချိန်ကုန်နေတာမျိုးဆိုရင်တော့ date လုပ်ဖို့၊ ရည်းစားထားဖို့ကို စိတ်မဝင်စားပဲ တစ်ယောက်ထဲပဲ လွတ်လွတ်လပ်လပ်နေချင်နေတာပါ။

သင်နဲ့ပတ်သက်တာဘာမှမမေးခြင်း

သင်ကသာ သူ့ကိုစိတ်ဝင်စားလို့ စကားတွေသွားပြောလိုက်၊ သူ့အကြောင်းတွေမေးလိုက်နဲ့ လုပ်နေပေမယ့် သူကတော့ သင်မေးတာကို yes, no လောက်ပဲ ပြန်ဖြေပြီး သင်နဲ့ပတ်သက်တာကိုလည်း ဘာတစ်ခွန်းမှ ပြန်မေးတာမျိုး မရှိဘူးဆိုရင် သင့်ကိုလုံးဝကို စိတ်မဝင်စားတာပါ။

တစ်ယောက်ထဲနေရတာကြိုက်တယ်လို့ပြောခြင်း

ခဏခဏ တစ်ယောက်ထဲနေရာကို ကြိုက်တယ်၊ လွတ်လွတ်လပ်လပ်နေရတာကိုပဲ ကြိုက်တယ်ဆိုပြီး ပြောလာရင်တော့ သေချာပါတယ်။ သင့်ကိုစိတ်မဝင်စားသလို ရည်းစားထားဖို့ကို စိတ်မဝင်မစားပဲ သူတစ်ယောက်ထဲနေချင်နေတာပါ။

သင်ချိန်းဆိုတာကိုငြင်းပယ်ခြင်း

သင်ချိန်းဆိုတိုင်းမှာ ငြင်းပယ်တာ၊ အမြဲတမ်း အလုပ်များနေတယ်၊ မအားဘူး စတာတွေပဲ ပြောနေရင်တော့ သူက date လုပ်ဖို့ကို စိတ်မဝင်စားပဲ တစ်ယောက်ထဲပဲ နေချင်သေးတဲ့သူဖြစ်ဖို့ များပါတယ်။

သူ့မှာရည်းစားရှိတယ်လို့ပြောလာခြင်း

သူ့မှာရည်းစားမရှိပဲ ရည်းစားရှိတယ်လို့ ပြောလာရင်တော့ သင့်ကို သူ့အနားကနေ ထွက်သွားစေချင်လို့ တမင်ပြောလိုက်တာပါ။ သင့်ကို လုံးဝစိတ်မဝင်စားတဲ့အပြင် သူ့အနားမှာရှိနေတာကိုပါ မကြိုက်တဲ့ပုံစံမျိုး၊ သူတစ်ယောက်ထဲပဲ အေးဆေးနေချင်ပါတယ်ဆိုတဲ့ ပုံစံမျိုး ပြနေတာပါ။