ရာသီဥတုပူတဲ့အချိန်မှာတော့ ပေါ့ပါးမှုရှိစေတဲ့ ဖက်ရှင်တွေဝတ်တာက အကောင်းဆုံးပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်ဖက်ရှင်မှာ ကောင်မလေးတွေအတွက် ထသွားထလာ ပေါ့ပေါ့ပါးပါးဝတ်လို့ရမယ့် ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ကြည့်လိုက်တာနဲ့ အရမ်းကိုပေါ့ပါးမှုရှိပြီး အေးနေစေမယ့် ဖက်ရှင်လေးဆိုတာ သိသာစေပါတယ်။ ထသွားထလာ သူငယ်ချင်းတွေနဲ့ မုန့်သွားစားရင်ပဲဖြစ်ဖြစ် ဝတ်လို့အရမ်းအဆင်ပြေပါတယ်။

ဘယ်တော့မှမရိုးသွားပဲ လွတ်လပ်ပေါ့ပါးမှုရှိနေစေမယ့် ဖက်ရှင်လေးပါ။ ထသွားထလာဝတ်ဖို့ အဆင်ပြေပါတယ်။

အဖြူရောင်ဖက်ရှင်လေးကတော့ ကြည့်ရတာ အမြင်အေးပြီး ရှင်းရှင်းလေးနဲ့ လှနေတာပါပဲ။ ထသွားထလာအတွက်ရော ဒိတ်လုပ်ဖို့အတွက်ရော အဆင်ပြေတဲ့ ဖက်ရှင်လေးပါ။

စကပ်အရှည်လေးတွေဆိုရင် basic tee အဖြူရောင်လေးတွေနဲ့ တွဲဝတ်ပြီး ဒီလိုဖက်ရှင်စတိုင်လ်လေးအတိုင်းသာ ဝတ်ကြည့်နော်။ ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။

လူကြီးလူငယ်မရွေး ဝတ်လို့အဆင်ပြေပြီး ပေါ့ပါးလွတ်လပ်မှုရှိစေမယ့် ဒီဖက်ရှင်လေးကလည်း ထသွားထလာအတွက် အရမ်းအဆင်ပြေတယ်နော်။

လူငယ်ကောင်မလေးတွေဆိုရင် ဒီဖက်ရှင် outfit လေးကိုလည်း ဝတ်ကြည့်နော်။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို ပေါ့ပေါ့ပါးပါးလည်း ဖြစ်စေမှာပါ။

 

လူငယ်ကောင်မလေးတွေအတွက် ဖက်ရှင်ကျကျနဲ့ ချစ်ဖို့ကောင်းပြီး ပေါ့ပါးမှုရှိစေမယ့် ဖက်ရှင်လေးပါ။ ထသွားထလာအတွက်ရော ပေါ့ပေါ့ပါးပါး ဒိတ်လုပ်ဖို့အတွက်ရော အရမ်းအဆင်ပြေပါတယ်။

 

ဒီဖက်ရှင်လေးဆိုရင် လုံလုံခြုံခြုံနဲ့ လွတ်လပ်ပေါ့ပါးမှုရှိလို့ ထသွားထလာဝတ်ဖို့ ကွက်တိဖြစ်တဲ့အပြင် သင်တန်းသွားလာရင် ဝတ်ဖို့လည်း အဆင်ပြေတာပါပဲ။

 

စကပ်လေးတွေဝတ်ရတာကြိုက်တယ်ဆိုရင် ဒီဖက်ရှင်လေးအတိုင်း ဝတ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ ထသွားထလာဝတ်ဖို့ရော ဒိတ်လုပ်ရင်ဝတ်ဖို့ရော အဆင်ပြေတဲ့ ဖက်ရှင်လေးပါ။

ပူတဲ့အခါမှာတော့ ဘောင်းဘီအရှည်ကို ကြိုးတစ်လုံးအင်္ကျီနဲ့ ဒီလိုလေးသာ တွဲဝတ်လိုက်နော်။ ဝတ်ရတာ ပေါ့ပါးမှုရှိလို့ ထသွားထလာအတွက်တော့ ကွက်တိပါပဲ။