နောက်ပိုင်းမှာ Boots စီးပြီး စကပ်အရှည်၊ ဂါဝန်အရှည်ဝတ်တဲ့ ဖက်ရှင်စတိုင်လ်လေးတွေက ပိုပြီးခေတ်စားလာအုံးမှာပါ။ Boots စီးရင် တော်တော်များများက အတိုလေးတွေ၊ ဘောင်းဘီအရှည်တွေနဲ့ပဲ တွဲဝတ်ကြတာ များပါတယ်။ စကပ်အရှည်၊ ဂါဝန်အရှည်တွေနဲ့ ဒီလိုလေးတွေနဲ့ တွဲဝတ်ရင်လည်း ဖက်ရှင်ကျတာပါပဲ။
Boots လေးတွေစီးပြီး ဂါဝန်အရှည်ဝတ်မယ်ဆိုရင် အလိုက်ဖက်ဆုံးကတော့ ကြိုးတစ်လုံးဂါဝန်အရှည်လေးပါပဲ။
ခုနက ကြိုးတစ်လုံးဂါဝန်အရှည်လေးကိုပဲ နောက်တစ်မျိုးပြောင်းပြီး အပေါ်ကနေ Crop Top လေးတွေ ထပ်ဝတ်လိုက်လို့လည်း ရသေးတယ်နော်။ ဖက်ရှင်စတိုင်လ် နောက်တစ်မျိုး ပြောင်းသွားတာပေါ့။
ဒီလိုဂါဝန်အရှည်နဲ့ ဖက်ရှင်စတိုင်လ်လေးတွေဝတ်ပြီး Boots စီးတာမျိုးကလည်း နောက်ပိုင်းမှာ ပိုခေတ်စားလာမှာပါ။
အခုနောက်ပိုင်းမှာဆိုရင် ဒီလိုစကပ်လေးတွေက အရမ်းခေတ်စားလာတာပါ။ အဲ့စကပ်လေးတွေကိုဝတ်တဲ့အခါ ဒေါက်ဖိနပ်မစီးပဲ ဒီလို Boots လေးတွေစီးတာက ပိုပြီး အထာကျပါတယ်။
လူငယ်ကောင်မလေးတွေဆိုရင် ဒီလိုဖက်ရှင်စတိုင်လ်လေး ဝတ်ကြည့်နော်။ ချစ်ဖို့ကောင်းပြီး ဖက်ရှင်ကျကျလေး ဖြစ်နေမှာပါ။
ဒီလိုဂါဝန်မျိုးကို ဝတ်မယ်ဆိုရင် အရင်ကတော့ ဒေါက်ဖိနပ်တွေစီးကြပေမယ့် နောက်ပိုင်းမှာတော့ Boots အမဲတွေစီးပြီး တွဲဝတ်လာကြတာ များပါတယ်။ ဒါကလည်း ပိုအထာကျပြီး မိုက်တာကိုး။
ဒီလိုစကပ်လေးတွေကို Body Fit အင်္ကျီနဲ့တွဲဝတ်ပြီး Boots အမဲလေးစီးတာမျိုးကလည်း အမြင်တစ်မျိုးဆန်းပြီး ဖက်ရှင်ကျပါတယ်။
ကြိုးတစ်လုံးဂါဝန်အရှည်လေးတွေကို ဒီတိုင်းမဝတ်ပဲ အပေါ်ကနေ ရှပ်အင်္ကျီအဖြူ ထပ်ဝတ်လို့လည်း ရပါသေးတယ်။
နောက်ထပ် အမြင်ဆန်းပြီးမိုက်တဲ့ ဖက်ရှင်လေးပါ။ သူများနဲ့မတူတဲ့ ဖက်ရှင်တွေကိုပဲ ဝတ်ချင်ရင် ဒါမျိုးလေးတွေ Try ကြည့်နော်။
ဒီဖက်ရှင်လေး ဝတ်တဲ့အခါမှာဆိုလည်း အရင်ကတော့ Sneakers လေးတွေစီးကြပေမယ့် အခုနောက်ပိုင်းမှာတော့ Boots အမဲလေးတွေပဲ ပိုစီးလာကြပါတယ်။
ဒီဖက်ရှင်စတိုင်လ်လေးဆိုရင် အရင်က ဒေါက်ဖိနပ်တွေစီးပြီးဝတ်တဲ့ ဖက်ရှင်မျိုးဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ Boots အမဲတွေစီးပြီး ဝတ်ကြတာ များပါတယ်။ Boots စီးလိုက်ရင် ပိုပြီးအထာကျကျနဲ့ မိုက်သွားစေပါတယ်။
အခုနောက်ပိုင်းမှာ ခေတ်စားနေတဲ့ ဒီဂျင်းစကပ်လေးဆိုလည်း Boots စီးတာမျိုးနဲ့ အရမ်းလိုက်ဖက်တဲ့ ဖက်ရှင်ပါပဲ။
Photo source:www.pinterest.com