Calories တွေအများဆုံးလောင်ကျွမ်းစေမယ့် Bodyweight Workout တွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးက အိမ်မှာလုပ်လို့ရတဲ့ Workout တွေဖြစ်တာကြောင့် လူတိုင်းလုပ်ဖို့အဆင်ပြေမှာပါ။

Jump Squats

ပုံမှာလုပ်ပြထားတဲ့ အနေအထားနှစ်မျိုးကို ဆက်တိုက်လုပ်သွားရမှာပါ။ အကြိမ် ၂၀၊ ၃၀ လုပ်ပေးရင် ရပါပြီ။

Burpees

ပုံမှာလုပ်ပြထားတဲ့အတိုင်း အဆင့်ဆင့်လုပ်သွားရမှာပါ။ အနေအထား ၇ မျိုးလုံးကို ဆက်တိုက်လုပ်ပြီးတော့မှ ၁ ကြိမ်လို့သတ်မှတ်ရပါမယ်။ စုစုပေါင်း ၁၅ ကြိမ် လုပ်ပေးပါ။

Mountain Climbers

ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ခြေထောက်ကိုကွေးလိုက်၊ ပြန်ဆန့်လိုက်၊ ညာခြေထောက်ကိုကွေးလိုက်၊ ပြန်ဆန့်လိုက်နဲ့ အနည်းဆုံး တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးပါ။

Plank Jacks

လက်ဖဝါးနှစ်ဖက်နဲ့ ထောက်ထားပြီး ခြေထောက်နှစ်ဖက်ကို ပုံမှာလုပ်ပြထားတဲ့အတိုင်း ကားလိုက်၊ ပြန်စုလိုက်နဲ့ လုပ်ရပါမယ်။ အမြန်လုပ်ပေးရပါမယ်။ ၁၅ ကြိမ်မှ အကြိမ် ၃၀ အထိ လုပ်ပေးနိုင်ပါတယ်။

Bicycle Crunches

ဒီ Workout မှာလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ခြေထောက်ကွေး၊ ညာခြေထောက်ဆန့်၊ ဘယ်ခြေထောက်ဆန့်၊ ညာခြေထောက်ကွေးနဲ့ တစ်လှည့်စီ ဆက်တိုက် လုပ်ရပါမယ်။ တစ်ဖက်ကို ၁၅ ကြိမ်၊ အကြိမ် ၂၀ လုပ်ပေးရင် ရပါပြီ။

Jumping Jacks

ပုံမှာလုပ်ပြထားတဲ့ ပုံစံအနေအထား ၄ မျိုးအတိုင်း ခုန်ရမှာပါ။ ၄ မျိုးလုံးပြီးမှ ၁ ကြိမ်လို့သတ်မှတ်ပြီး အနည်းဆုံး ၁၅ ကြိမ်မှ အကြိမ် ၃၀ ခုန်နိုင်ပါတယ်။

Jump Rope

ကြိုးခုန်ပေးတာကလည်း Calories တွေ အများဆုံးလောင်ကျွမ်းစေတဲ့ Workout ဖြစ်လို့ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ် ခုန်ပေးသင့်ပါတယ်။