နားကို Massage လုပ်ပေးတာက အရမ်းကောင်းပါတယ်။ ခက်လည်းမခက်ပါဘူး။ လက်ချောင်းလေးတွေနဲ့ နားကိုနှိပ်နယ်ပေးရုံပါပဲ။ ဒီလို နားကို Massage လုပ်ပြီး နှိပ်ပေးခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာ ကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်။

Stress တွေ လျော့ကျစေတယ်

နားကို Massage လုပ်ပြီး နှိပ်ပေးခြင်းက Stress တွေ သိသိသာသာလျော့ကျစေပါတယ်။ စိတ်တိုပြီး ဒေါသထွက်နေတဲ့အချိန်၊ စိတ်ညစ်နေတဲ့အချိန်၊ စိတ်ရှုပ်နေတဲ့အချိန်၊ စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ မျက်စိမှိတ်ပြီး နားကို Massage လုပ်ကာ နှိပ်ပေးပါ။

ခေါင်းကိုက်တာသက်သာစေတယ်

အရမ်းခေါင်းကိုက်နေတာမျိုးမဟုတ်ရင် ဆေးသောက်မယ့်အစား နားကို Massage လုပ်ပြီး နှိပ်ပေးကြည့်ပါ။ သက်သာသွားပါလိမ့်မယ်။ ဆေးကသောက်တိုင်းမကောင်းတဲ့အတွက် အရမ်းကိုက်မှသာ သောက်သင့်ပါတယ်။

ဝိတ်အမြန်ကျစေတယ်

ဒီတိုင်းလေ့ကျင့်ခန်းလုပ်ပြီး ဝိတ်ချတာထက်စာရင် လေ့ကျင့်ခန်းလည်းလုပ်၊ အစားအသောက်လည်းဆင်ခြင်၊ နားကိုလည်း နေ့တိုင်း Massage လုပ်ပြီး နှိပ်ပေးတာက ဝိတ်ကျတာ ပိုမြန်စေပါတယ်။ ဒီ ၃ မျိုးကိုသာ နေ့တိုင်းလုပ်ပေးပါ။ ပုံမှန်ထက် ဝိတ်ကျတာ ပိုမြန်ပါလိမ့်မယ်။

အိပ်မပျော်တာသက်သာစေတယ်

နားကို နေ့တိုင်း Massage လုပ်ပြီး နှိပ်ပေးခြင်းက အိပ်မပျော်တာကို သက်သာစေပါတယ်။ ညဘက်အိပ်မပျော်တဲ့အခါ မျက်စိမှိတ်ပြီး နားကို Massage လုပ်၊ နှိပ်ပေးပါ။ တဖြေးဖြေးနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မယ်။

Energy ပိုကောင်းလာစေတယ်

မနက်ပိုင်း ကော်ဖီတစ်ခွက်သောက်ရင် နေရတာလန်းဆန်းပြီး Energy ပိုကောင်းလာသလိုပဲ နားကို Massage လုပ်ပေးတာကလည်း နေရတာ စိတ်ကြည်လင်လန်းဆန်းပြီး Energy ပိုကောင်းလာစေပါတယ်။ နေ့တိုင်းသာ နားကို Massage လုပ်ပေးပါ။ သင့်ခန္ဓာကိုယ်အတွက် ကောင်ကျိုးတွေချည်းပဲ ဖြစ်မှာပါ။ ဆိုးကျိုးလုံးဝမရှိပါဘူး။

source:www.brightside.me