လူတစ်ယောက်အိပ်စက်ဖို့အတွက် အကောင်းဆုံးအချိန်ကတော့ ည ၁၀ နာရီပါပဲ။ ဒီလို ည ၁၀ နာရီမှာ ပုံမှန်အိပ်ပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးတွေလည်း ရှိပါတယ်။

အိပ်မပျော်တတ်တဲ့အကျင့်ပျောက်လာမယ်

ပုံမှန်အိပ်ချိန်ထားပြီး မအိပ်ရင်၊ ညမိုးချုပ်မှအိပ်ရင် အိပ်မပျော်တာက အကျင့်တစ်ခုလို ဖြစ်လာပါလိမ့်မယ်။ လူတစ်ယောက်မှာ အိပ်ချိန်မှန်ဖို့နဲ့ အိပ်ရေးဝဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ပုံမှန်အိပ်ချိန်ထားပါ။ အကောင်းဆုံးကတော့ ည ၁၀ နာရီမှအိပ်၊ မနက် ၆ နာရီထတာ အကောင်းဆုံးပါပဲ။ အကျင့်လုပ်ပြီးသာ အိပ်ကြည့်ပါ။ နောက်ပိုင်းဆိုရင် ၁၀ နာရီလောက်ဆိုတာနဲ့ အလိုလိုအိပ်ချင်လာပါလိမ့်မယ်။ အိပ်မပျော်တတ်တဲ့အကျင့်လည်း ပျောက်လာပါလိမ့်မယ်။

စိတ်ကြည်လင်စေမယ်

ည ၁၀ နာရီမှာ ပုံမှန်အိပ်ပေးရင် မနက်စောစောနိုးမယ်၊ အိပ်ရေးလည်းဝနေတဲ့အတွက် စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ ခေါင်းလည်းကြည်စေပါမယ်။ စိတ်မကြည်ရင်၊ ခေါင်းမကြည်ရင် တစ်နေကုန် စိတ်တွေတိုပြီး နေရတာအဆင်မပြေတော့ပါဘူး။

ထိုင်းမှိုင်းတာတွေမဖြစ်တော့ဘူး

နောက်ကျမှအိပ်ပြီး မနက်လည်း နောက်ကျမှနိုးရင် ခေါင်းတွေထိုင်းမှိုင်းပြီး ဇာတ်ကြောတွေတက်၊ နေရတာ ကိုယ်လက်မအီမသာနဲ့ ထိုင်းမှိုင်းနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ည ၁၀ နာရီကိုသာ ပုံမှန်အိပ်ချိန်လုပ်ပြီး အိပ်ကြည့်ပါ။ ထိုင်းမှိုင်းတာတွေ ဘယ်တော့မှမဖြစ်တော့ပါဘူး။

Stress တွေလျော့ကျစေမယ်

ည ၁၀ နာရီမှာ ပုံမှန်အိပ်ပြီး မနက်ဆိုလည်း ပုံမှန်စောစောထ၊ လေ့ကျင့်ခန်းနည်းနည်းလောက် လုပ်ပေးပါ။ ဒါဆိုရင်တော့ ကိုယ့်မှာရှိနေတဲ့ stress တွေပါ သိသိသာသာလျော့ကျလာပါလိမ့်မယ်။

အသားအရေပိုကောင်းလာစေမယ်

အိပ်ရေးပျက်တာတွေများရင်၊ ညဘက်အိပ်တာနောက်ကျရင် အသားအရေညစ်နွမ်းပြီး အိုမင်းရင့်ရော်တာတွေ၊ အရေးအကြောင်းတွေ မြန်မြန်ဖြစ်စေပါတယ်။ ည ၁၀ နာရီကိုသာ ပုံမှန်ထားပြီး အိပ်ကြည့်ပါ။ အဓိကကတော့ ည ၁၀ နာရီမကျော်အောင်ပါ။ ပုံမှန်အိပ်ချိန်ထားပြီး စောစောအိပ်၊ စောစောထ၊ ရေများများသောက်ပါ။ အသားအရေလည်း ပိုကောင်းလာပါလိမ့်မယ်။

photo source:www.freepik.com