ရယ်သောသူအသက်ရှည်တယ်ဆိုတဲ့စကားအတိုင်းပဲ များများရယ်ပေးတာက ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းပြီး ပျော်ရွှင်စေပါတယ်။ ကျန်းမာစေပါတယ်။ ဒါ့အပြင် များများရယ်မောပေးခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာဖြစ်ပေါ်လာမယ့် ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။

ကယ်လိုရီတွေလောင်ကျွမ်းစေတယ်

များများရယ်မောပေးခြင်းက ကယ်လိုရီတွေလောင်ကျွမ်းစေပြီး ဝိတ်ပါကျစေပါတယ်တဲ့နော်။ တစ်နေ့ကို ၁၅ မိနစ်လောက် များများရယ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒီတော့ ရယ်စရာမရှိရင်လည်း တစ်နေ့ကို ၁၅ မိနစ်လောက် ဟာသလေးတွေကြည့်ပြီး ရယ်လို့ရတာပေါ့။

Stress တွေ ချက်ချင်းလျော့ကျစေတယ်

အရမ်းကို စိတ်ပါလက်ပါနဲ့ရယ်လိုက်တဲ့အချိန်မှာ Stress တွေ၊ စိတ်ဖိစီးမှုတွေက ချက်ချင်းကို လျော့ကျသွားပြီး စိတ်ပေါ့ပါးသွားစေပါတယ်။ ဒါကြောင့် စိတ်ညစ်နေချိန်၊ စိတ်ဖိစီးမှုတွေများနေချိန်မှာ အဲ့အကြောင်းအရာတွေကိုပဲ ထိုင်စဉ်းစားမနေပါနဲ့။ ရယ်စရာလေးတွေကြည့်ပြီး ရယ်ပေးတာက သင့်အတွက် ပိုအကျိုးရှိစေပါတယ်။

သွေးပေါင်ချိန်ကျစေတယ်

များများရယ်မောပေးရင် သွေးပေါင်ကျစေတယ်ဆိုတာ သွေးပေါင်ထိုးကျသွားတာမျိုးတော့ မဟုတ်ပါဘူးနော်။ ခန္ဓာကိုယ်သွေးစီးဆင်းမှု ပိုမိုကောင်းမွန်လာစေတယ်။ နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေ၊ heart attacks ရောဂါတွေ မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်ပါသေးတယ်။

အသက်ရှူလို့ပိုကောင်းလာတယ်

များများရယ်မောပြီး အသက်ကို ရှိုက်ပြီးရှူပေးခြင်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်စီဂျင်ပမာဏကို ကောင်းကောင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အဆုတ်အားကောင်းပြီး အသက်ရှူရတာလည်း ပိုပြီးကောင်မွန်လာစေပါတယ်။

နာကျင်မှုတွေသက်သာသွားစေတယ်

လူတွေက ရယ်မောစရာတွေ့လို့ အရမ်းကိုရယ်လိုက်တဲ့အချိန်မှာ အဲ့အချိန်ခဏလေးက အရာအားလုံးကို မေ့သွားစေပါတယ်။ ရယ်စရာတွေနဲ့တွေ့ရင် နာကျင်မှုတွေကို ခဏလောက်ပဲဖြစ်ဖြစ် မေ့သွားစေတာကြောင့် ရယ်လိုက်တဲ့ တဒင်္ဂလေးမှာ နာကျင်မှုက သက်သာသွားစေပါတယ်။ ဒါကြောင့် နာကျင်စရာရှိရင် ထိုင်ညဉ်းပြီး စိတ်ညစ်နေမယ့်အစား ရယ်စရာလေးတွေကြည့်ပြီး ရယ်မောလိုက်ပါ။

Source: www.brightside.me