အလှကြိုက်တဲ့ မိန်းကလေးတွေအတွက် ငွေအကုန်အကျ သက်သာပြီး အိမ်မှာအေးဆေးလုပ်လို့ရတဲ့ Beauty Tips တွေကို မျှဝေပေးလိုက်ပါတယ်။

မျက်နှာပေါင်းတင်ခြင်း

ဆိုင်မသွားပဲ အိပ်မှာ သဘာဝနည်းလမ်းလေးတွေနဲ့ မျက်နှာပေါင်းတင်ပေးတာက အရမ်းကောင်းပါတယ်။ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

Body Scrub လုပ်ခြင်း

Body Scrub ပုံမှန်လုပ်ပေးခြင်းက ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အသားအရေ ချောမွေ့လာစေတယ်၊ အသားကြည်လာစေပါတယ်။ body Scrub လုပ်ဖို့ တကူးတက ဆိုင်သွားနေစရာမလိုပါဘူး။ အိမ်မှာပဲ တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန်လုပ်ပေးပါ။ အသားအရေကြည်ပြီး ဖြူလာမယ်၊ အသားအရေလည်း လှလာပါမယ်။

Foot Care လုပ်ခြင်း

ခြေထောက်လေးတွေ ဖြူဖွေးနေတာမျိုးမဟုတ်ရင်တောင်မှ ကြည့်လိုက်တိုင်း သန့်ပြီး ကြည်နေချင်ရင် Foot Care ပုံမှန်လုပ်ပါ။ ဆိုင်မှာလုပ်သလိုမျိုး ခြေသည်းနဲ့ ခြေထောက်ကို သေချာ Cleansing လုပ်ပြီး Scrub တိုက်၊ ပေါင်းတင်တာမျိုး၊ ရေနွေးစိမ်တာမျိုး၊ ဆားရည်စိမ်တာမျိုး၊ နှိပ်နယ်တာမျိုး လုပ်ပေးလို့ရပါတယ်။ အသားဖြူတဲ့သူဆို ပိုပြီးဖြူလာမယ်၊ ညိုတဲ့သူဆို ကြည်လာပါလိမ့်မယ်။

ဆံပင်ပေါင်းတင်ခြင်း

မိန်းကလေးတိုင်းရဲ့ အလှအပအတွက် ဆံကေသာကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အိမ်မှာ သဘာဝနည်းလမ်းတွေနဲ့ ဆံပင်ပေါင်းတင်တာမျိုး၊ Hair Mask လုပ်တာမျိုးတွေကို တစ်ပတ်တစ်ကြိမ် (သို့) နှစ်ပတ် တစ်ကြိမ် ပုံမှန်လုပ်ပေးပါ။

Massage လုပ်ခြင်း

Oil Massage ကို အိမ်မှာ ကိုယ်တိုင်လုပ်လို့လည်း ရပါတယ်။ Youtube မှာ နှိပ်နည်းတွေ၊ ဘယ်လိုလုပ်ရမလဲဆိုတာလေးတွေ ရှာပြီးတော့ လုပ်ကြည့်ပါ။ Stress ပြေပျောက်ပြီး ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားစေတယ်၊ နေလို့ကောင်းသွားစေပါတယ်။