အလှကြိုက်တဲ့ မိန်းကလေးတွေအတွက် အမြဲတမ်းအသုံးဝင်နေစေမယ့် beauty tips တွေကို မျှဝေပေးလိုက်ပါတယ်။

Hollywood cat eye look

Hollywood cat eye look လေးရအောင် လှလှလေးဆွဲချင်တယ်ဆိုရင် eyeliner ကို တစ်ဖြတ်ညီအောင် အရင်ဆွဲ၊ ပြီးတော့မှ wing ဆွဲဖို့အတွက် အောက်လိုင်းအနေနဲ့ အပေါ်ထောင်ဆွဲပါ။ ပြီးမှထိပ်ကနေပြန်ဆက်ဆွဲပြီး လိုက်ဖြည့်ပါ။

လှပသေသပ်တဲ့မျက်ခုံးမွှေးတစ်စုံကိုရရှိစေဖို့

ကိုယ့်မျက်ခုံးမွှေးအရာအတိုင်း ဘေးဘက်တွေကို အရင်ဆွဲပါ။ ပြီးတော့မှ အတွင်းဘက်တွေကို လိုက်ဖြည့်ပေးပါ။ ပြီးရင် brush နဲ့ဖြီးပေးပြီး မျက်ခုံးမွှေးဆွဲထားတဲ့ အရာအတိုင်း highlighter သုံးပေးပါ။ ဒါဆိုရင် မျက်လုံးမွှေးဆွဲထားတာ ထင်းနေပြီး အလှပိုပေါ်လွင်စေပါတယ်။

Elegant lips

Elegant lips လေးတစ်စုံကို ရရှိဖို့အတွက်ဆိုရင်တော့ ကိုယ့်နှုတ်ခမ်းအရာအတိုင်း lip liner နဲ့ အရင်ဆွဲပြီး ပုံဖော်ပါ။ ပြီးမှ အတွင်းဘက်ကို lip gloss ဆိုးပေးပါ။ ဒါဆိုရင်တော့ နှုတ်ခမ်းအလှ ပိုပေါ်လွင်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။

Mascara ကို 2 in 1 သုံးနည်း

Mascara ကို မျက်တောင်ကော့ဖို့အတွက် သုံးပြီးရင် eyeliner အနေနဲ့လည်း သုံးလို့ရပါတယ်။ Eyeliner ကုန်သွားတဲ့အခါမှာ အရေးတကြီးလိုရင် ဒီနည်းလမ်းက အသုံးဝင်ပါတယ်။ Eyeliner ဆွဲတဲ့ brush နဲ့ mascara ကိုသုတ်ပြီး eyeliner ဆွဲလိုက်ရုံပါပဲ။

မျက်တောင်မွှေးထူထူလေးကိုလိုချင်ရင်

Mascara နဲ့ မျက်တောင်ကော့ပြီး powder ကို brush နဲ့ယူကာ မျက်တောင်မှာသုတ်၊ ပြီးရင် mascara နဲ့ ထပ်ကော့ပါ။ ဒီအဆင့် ၃ ဆင့်ကို လုပ်ပြီးရင်တော့ ပုံမှန်ထက်ပိုပြီး မျက်တောင်ထူထူလေးဖြစ်သွားတာကို တွေ့ရမှာပါ။