လက်သည်းကိုဒီဇိုင်းပုံဖော်တာမျိုးတွေ မလုပ်ချင်တဲ့အခါမှာဆိုးဖို့အတွက် လက်သည်းနီအရောင် လှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လူငယ်ဆန်ပြီး လှပတဲ့ လက်သည်းနီအရောင်လေးတွေဖြစ်လို့ လူငယ်ကောင်မလေးတွေ ပိုပြီးသဘောကျမယ်လို့ ထင်ပါတယ်။

ဒီလက်သည်းနီအရောင်လေးဆိုရင် cat eye ဆိုးထားတာပါ။ အရောင်လေးကငြိမ်ပြီး ဘိုဆန်ဆန်နဲ့ အရမ်းလှပါတယ်။

ဒီလက်သည်းနီအရောင်လေးဆိုလည်း cat eye ဆိုးထားတာပါပဲ။ အရောင်ငြိမ်ပြီး အသားဆောင်သလို အရမ်းလည်းလှတဲ့အရောင်လေးပါ။

ပြောင်ပြောင်လက်လက်ပုံစံလေးတွေကြိုက်ရင် ဒီလက်သည်းနီအရောင်လေးက အရမ်းလှပါတယ်။ မိန်းကလေးဆန်ပြီး နုဖတ်နေတာမျိုးလေးပါ။

အစိမ်းရောင်ကြိုက်တဲ့သူတွေဆိုးသင့်တဲ့ လက်သည်းနီအရောင်လေးပါ။ အရမ်းကိုလှပါတယ်။

အပြာဘက်သွားတဲ့အရောင်လေးတွေ ကြိုက်တယ်ဆိုရင် ဒီလိုလေးဆိုးပါ။ လူငယ်ဆန်ပြီး အရမ်းလည်းလှပါတယ်။

အရောင်ရင့်တာမျိုးကြိုက်ရင်တော့ ဒီလက်သည်းနီအရောင်က အရမ်းလှပါတယ်။ Glitter လေးတွေကြောင့် ပိုပြီးလှသွားစေတာပါ။

ခရမ်းရောင်ကြိုက်တဲ့သူတွေဆိုးသင့်တဲ့ အရောင်လေးပါ။ ပြောင်ပြောင်လေးဖြစ်လို့ ပိုပြီးလူငယ်ဆန်ပါတယ်။

ခရမ်းဖောက်တဲ့အရောင်ကိုမှ disco gel ဆိုးထားတာလေးဖြစ်လို့ ကြည့်လိုက်တာနဲ့ ပွဲတိုးပြီး အရမ်းလည်းလှပါတယ်။

အစိမ်းရောင်ကြိုက်တဲ့သူတွေ မဖြစ်မနေဆိုးသင့်တဲ့ ကျောက်စိမ်းရောင်လေးပါ။ လူငယ်လူကြီးလိုက်ဖက်တဲ့ အရောင်လေးလည်း ဖြစ်ပါတယ်။

အရောင်ရင့်တာကြိုက်တဲ့သူတွေဆိုးသင့်တဲ့ အရောင်လေးပါ။ အရမ်းလှပြီး ဘယ်အချိန်ကြည့်ကြည့်လည်း ရိုးမသွားစေပါဘူး။

ဒီဇိုင်းပုံဖော်တာတွေတော့ မလုပ်ချင်ဘူး၊ အရောင်ကိုပဲ ဆန်းသစ်နေတာမျိုး၊ သူများနဲ့မတူအောင် ဆိုးချင်တယ်ဆိုရင်တော့ ဒီလက်သည်းနီအရောင်လေးသာ ဆိုးချလိုက်တော့နော်။ အရမ်းလည်းလှပါတယ်။