လူချစ်လူခင်ပေါအောင်ပဲနေသင့်ပါတယ်။ လူမုန်းများအောင် မနေသင့်ပါဘူး။ ဒါပေမယ့်လည်း တစ်ခါတစ်လေ ကိုယ်လုပ်မိလိုက်တဲ့အရာတွေက လူမုန်းများစေမယ့်အရာ၊ လူအမြင်ကပ်စေမယ့်အရာတွေ ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် လူမုန်းမများအောင် ဘယ်လိုအချက်တွေကို ရှောင်ကြဉ်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ကြမ်းတမ်းသောစကားမပြောပါနဲ့

Source: www.corpzpro.com

စကားကို ချိုချိုသာသာပြောတာတော့ အကောင်းဆုံးပါပဲ။ စကားချိုချိုသာသာမပြောတတ်ရင်တောင် ကြမ်းတမ်းတဲ့စကားတွေ မပြောမိအောင်တော့ ဆင်ခြင်ပါ။

အမြဲဆူပုပ်မနေပါနဲ့

Sourcce: www.inc.com

တစ်ချိန်လုံးကြီး ဆူပုပ်နေပြီး မျက်နှာကြောတင်းရင် လူအမြင်ကပ်ပါတယ်။ တချိန်လုံးပြုံးရယ်နေရမယ်လို့ မဆိုလိုပါဘူး။ ပြုံးသင့်တဲ့နေရာမှာပြုံး၊ ရယ်သင့်တဲ့နေရာမှာရယ်ပါ။

ဒေါသကြီးပြီးရန်မလိုပါနဲ့

Source: www.allbusiness.com

တစ်ခုခုဆိုရင် ဒေါသတွေမထိန်းနိုင်ပဲ အရမ်းပေါက်ကွဲပြတာ၊ ဒေါသအရမ်းကြီးတာတွေက အကောင်းပါဘူး။ တစ်ချိန်လုံးရန်လိုပြီး လူတကာနဲ့ မတည့်၊ ရန်ဖြစ်နေရင်လည်း လူမုန်းများတာပဲ ရှိပါတယ်။

မမောက်မာပါနဲ့

Source: www.freepik.com

လူတိုင်းအမြင်ကပ်တယ်။ မုန်းတယ်။ နောက်တစ်ခုက သူများကို အထက်စီးကနေ ပြောဆိုဆက်ဆံတာမျိုး လုံးဝမလုပ်ပါနဲ့။ လူတိုင်းမှာ သူ့တန်ဖို့နဲ့သူရှိပါတယ်။

သူများအကြောင်းမစပ်စုပါနဲ့၊ မကောင်းအရမ်းမပြောပါနဲ့

နေရာတကာလိုက်ပြီး သူများအကြောင်းပဲ စပ်စုတာ၊ သူများအကြောင်းပဲ စိတ်ဝင်စားတာ၊ သူမျာအတင်းပဲ တစ်ချိန်လုံးလိုက်ပြောနေတာမျိုး လူအမြင်ကပ်ပါတယ်။ ကြာရင် လူမုန်းများလာပါလိမ့်မယ်။

သူတစ်ပါးမကောင်းကြောင်း တစ်လုံးပြောဆိုနေတဲ့လူကိုလည်း သူများအမြင်ကပ်ပါတယ်။ လူမုန်းများပါတယ်။ အရာရာကို အကောင်းဘက်က တွေးနိုင်အောင် ကြိုးစားပါ။ အမြဲ Negative ဘက်ကပဲမတွေးပါနဲ့။

Source: www.dailymail.co.uk

အတိုက်အခံအရမ်းမလုပ်ပါနဲ့

Source: www.verywellmind.com

သူများနဲ့ အတိုက်အခံအရမ်းလုပ်ရင် လူမုန်းများပါတယ်။ ရေလိုက်ငါးလိုက်လေး နေပေးပါ။ စိတ်ထဲကလုပ်ချင်နေရင်တောင် မလုပ်မိအောင်ထိန်းပါ။

နေရာတကာဝင်မပါပါနဲ့

Source: www.abajournal.com

ကိုယ့်ကိစ္စမဟုတ်ရင်ဝင်မပါပါနဲ့။ ကိုယ့်ကိစ္စလည်းမဟုတ်ပဲ နေရာတကာ အမုန်းခံဝင်ပြောပေးရင် ကိုယ်ပဲလူမုန်းခံရပါလိမ့်မယ်။ တချို့လူတွေကျတော့ ကိုယ်အမုန်းခံပြောပေးတာတောင် ကျေးဇူးမတင်ပဲ စော်ကားတာမျိုးတွေ ရှိပါတယ်။

အမှန်အရမ်းမပြောပါနဲ့

Source: www.wsj.com

အားလုံးလည်းသိကြမှာပါ မှန်တာပြောရင် လူမုန်းများတယ်ဆိုတာကို။ ဒါကြောင့် တစ်ချို့အရာလေးတွေဆိုရင် မသိချင်ယောင်ဆောင်ပေးလိုက်ပါ။ ကိုယ်နဲ့မဆိုင်ရင် သိပ်ပြီး မပြောပါနဲ့။ ကိုယ်နဲ့ဆိုင်နေရင်တော့ အမှန်ကိုပြောရမှာပေါ့။ ကိုယ်နဲ့မဆိုင်တာမျိုးကျတော့ အမှန်တွေသွားထောက်ပြပြီး မပြောလိုက်နဲ့။ လူမုန်းများမယ်။ လောကကြီးက နေတတ်ရင် ကျေနပ်စရာပဲမို့ ကိုယ့်ကိုယ်ကိုပဲ အကောင်းဆုံးတွေဖြစ်အောင် နေထိုင်ပြုမူပါ။ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်ကြပါ။