ခေါင်းကို အများဆုံး ၃ ရက် တစ်ကြိမ်ထက် ပိုပြီး မလျှော်သင့်ပါဘူး။ ရေချိုးရင်လည်း တစ်နေ့ကို ၂ ကြိမ်ထက်ပိုပြီးတော့ မချိုးသင့်သလို မျက်နှာကိုလည်း တစ်နေ့ ၂ ကြိမ်ထက် ပိုမသစ်သင့်ပါဘူး။ ဒီလိုမဟုတ်ပဲ လိုတာထက်ပိုပြီး ခေါင်းကိုလည်း ခဏခဏလျှော်မယ်၊ တစ်နေ့ ၂ ကြိမ်နဲ့အထက်လည်း ရေချိုး၊ မျက်နှာသစ်တာမျိုးတွေ လုပ်နေမယ်ဆိုရင်တော့ ဒီလိုဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ခေါင်းခဏခဏလျှော်တဲ့အခါမှာ ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေကတော့

ပုံမှန်ထက်ဆံပင်အဆီထွက်ခြင်း

ခေါင်းခဏခဏလျှော်ရင် ပုံမှန်ထက်ပိုပြီး ဆံပင်အဆီတွေထွက်စေပါတယ်။ ဆံသားလည်း ပျက်စီးစေပါတယ်။ တချို့က ဆံပင်အဆီထွက်လို့ဆိုပြီး ခဏခဏခေါင်းလျှော်တတ်ပါတယ်။ ခဏခဏခေါင်းလျှော်ရင် ဆံပင်အဆီထွက်တာက ပိုတောင်ဆိုးလာအုံးမှာပါ။

ဗောက်ထခြင်း

ခေါင်းလျှော်ရည်တွေ ခဏခဏသုံးပြီး ခေါင်းခဏခဏလျှော်နေတာတွေက ကြာလာရင် ဆံပင်ကျွတ်ပြီး ဆံပင်အရှည်နှေးလာစေပါတယ်။ Overwashing လုပ်နေတဲ့အတွက် ဦးရေပြား ယားယံပြီး ဗောက်ထစေပါတယ်။

ဆံသားပျက်စီးခြင်း

ခေါင်းခဏခဏလျှော်တာက ကြာလာရင် ဆံပင်ဖွာပြီး နှစ်ခွတွေဖြစ်တာမျိုး၊ ဆံပင်တွေငြိပြီး ရှုပ်ထွေးလာတာ၊ ရှင်းရခက်တာမျိုးတွေ ဖြစ်လာစေပါတယ်။ အဓိကကတော့ ဆံသားပျက်စီးစေတာပါပဲ။ ဒါကြောင့် လိုတာထက်ပိုပြီး Overwashing မဖြစ်ဖို့ လိုပါတယ်။

တစ်နေ့ ၂ ကြိမ်နဲ့အထက်ရေချိုးတာ၊ မျက်နှာသစ်တာမျိုးလုပ်ရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကတော့

အသားခြောက်ခြင်း

တစ်နေ့ ၂ ကြိမ်ထက်ပိုပြီး ရေချိုးတာ၊ မျက်နှာသစ်တာတွေက သုံးတဲ့ Shower gels, ဆပ်ပြာနဲ့ မျက်နှာသစ်ဆေးတွေကြောင့် ကြာလာရင် ခန္ဓာကိုယ်မှာရှိသင့်တဲ့ healthy bacteria နဲ့ essential oils တွေကို ဖယ်ရှားပစ်လိုက်သလို ဖြစ်သွားစေပါတယ်။ ဒါကြောင့်လည်း အသားအရေက သိသိသာသာကိုခြောက်ပြီး over dry skin ဖြစ်လာတာမျိုး၊ အရေပြားယားယံတာမျိုးတွေပါ ဖြစ်လာစေပါတယ်။

Sensitive ဖြစ်လာခြင်း

အချိန်အကြာကြီးရေချိုးတာ၊ ရေနွေးနဲ့ရေချိုးတာ၊ တစ်နေ့ ၂ ကြိမ်နဲ့အထက် ရေချိုး၊ မျက်နှာသစ်တာတွေက ကြာလာရင် အရေပြား sensitive ဖြစ်လာစေပါတယ်။ ရေနွေးနဲ့ရေချိုးရင်တော့ အသားအရေက နီမြန်းပြီး ခြေဖနောင့်ကွဲသလိုမျိုး၊ တခြားနေရာတွေကပါ ဖြစ်လာတတ်ပါတယ်။

source:www.brightside.me