တချို့ကျတော့ ခြေထောက်ချိန်ထိုင်တာက အကျင့်တစ်ခုလိုဖြစ်နေပါတယ်။ ခြေထောက်ကိုချိတ်ပြီးထိုင်တာက တစ်ခါတစ်လေထိုင်တာဆို ဘာမှမဖြစ်ပေမယ့် အမြဲလိုလိုချိတ်ထိုင်တာမျိုး၊ မကြာခဏ ချိတ်ထိုင်တာမျိုးဆိုရင်တော့ ကြာလာရင်ဒဏ်ဖြစ်ပြီး ဒီလိုဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

တစ်နေ့ကို ၃ နာရီနဲ့အထက် ခြေထောက်ချိတ်ထိုင်မယ်ဆိုရင်တော့ ပခုံးကြွက်သားတွေတင်းလာတာ၊ လက်ပြင်ကုန်းတာတွေ ဖြစ်လာပါလိမ့်မယ်။ တစ်ခါတစ်လေမဟုတ်ပဲ ခဏခဏဒီလိုခြေထောက်ချိတ်ထိုင်မယ်ဆိုရင်တော့ ခန္ဓာကိုယ်အနေအထားမမှန်တာ၊ ခါးကုန်း၊ လက်ပြင်ကုန်းတာတွေ ဖြစ်လာပါလိမ့်မယ်။

ခြေထောက်ကို မကြာခဏချိတ်ပြီးထိုင်တာက ကြာလာရင် ခြေထောက်နာတာ၊ ခြေချင်းဝတ်နာတာ၊ ကြွက်သားနာတာ၊ အထူးသဖြင့် ခြေသလုံးကြွက်သားအောင့်ပြီး နာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ခြေထောက်ကိုချိတ်ပြီးထိုင်တာကြာလာရင်တောင် တင်ပါးဆုံရိုးနာတာ၊ ခါးညောင်းတာ၊ ခြေထောက်ကျဉ်တာတွ ဖြစ်လာပါတယ်။ မကြာခဏချိတ်ထိုင်မယ်ဆိုရင်တော့ ကြာလာရင်ဒဏ်ဖြစ်ပြီး တင်ပါးဆုံရိုးအမြဲနာနေမယ်။ ခါးနာလာမယ်။ ခြေထောက်အရိုးအဆစ်တွေနာတာ၊ ယောင်တာတွေ ဖြစ်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်လုံးဝချိတ်မထိုင်သင့်ပါဘူး။ ကိုယ်ဝန်ကြီးနဲ့ ခြေထောက်ချိတ်ထိုင်တာကြာလာရင် ခြေချင်းဝတ်တွေဖောင်းပြီးရောင်လာတာ၊ နာကျင်လာတာ၊ ခါးနာတာတွေ ဖြစ်တတ်ပါတယ်။ Position လည်းအဆင်မပြေတဲ့အတွက် မထိုင်တာအကောင်းဆုံးပါပဲ။

Source:www.brightside.me