2023 မှာ နှစ်ဟောင်းနဲ့မတူတော့ပဲ အသားအရေ ပိုကောင်းလာဖို့၊ အသားအရေလှပဖို့အတွက် ဒီ Bad Skincare Habit တွေကို စွန့်လွှတ်ပစ်လိုက်ပါ။

Over Exfoliation

အသားအရေအတွက် Exfoliation လုပ်တယ်ဆိုတာ ကောင်းပါတယ်။ လုပ်လည်းလုပ်သင့်ပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး Over Exfoliation လုပ်ရင်တော့ အသားအရေ ထိခိုက်ပျက်စီးပြီး Skin Barrier ထိသွားမှာပါ။ ဒါကြောင့် Over Exfoliation လုပ်နေမိတာတွေကို စွန့်လွှတ်လိုက်ပါတော့။

မျက်နှာတစ်ခုထဲကိုပဲ Skincare လုပ်နေတာတွေ

မျက်နှာတစ်ခုထဲကိုပဲ Skincare လုပ်နေတာက မကောင်းတဲ့ Bad Habit ပါပဲ။ မျက်နှာကို Skincare လိမ်းရင် လည်ပင်းကိုပါ တူတူလိမ်းပေးပါ။ လည်ပင်းကလည်း အရေးအကြောင်းဖြစ်လွယ်တာကြောင့် Skincare ဖို့လိုတာပါပဲ။ မျက်နှာပဲဖြူပြီး လည်ပင်းမဲနေရင် အဆင်မပြေပါဘူး။ Body ကို Skincare လုပ်တဲ့အနေနဲ့ Scrub တိုက်တာ Lotion လိမ်းတာတွေလုပ်ရင် ခြေထောက်ကိုလည်း မချန်ထားပါနဲ့။

ဆေးလိပ်နဲ့အရက်သောက်တာများခြင်း

ဆေးလိပ်နဲ့အရက်သောက်တာ များရင်လည်း အသားအရေ ထိခိုက်စေပါတယ်။ အရေးအကြောင်းတွေ မြန်မြန်ဖြစ်ပြီး အသားအရေညစ်ပါမယ်။ ဒီတော့ အသားအရေကောင်းချင်ရင် ဆေးလိပ်နဲ့အရက် များများသောက်တတ်တဲ့ အလေ့အကျင့်ကို စွန့်လွှတ်ပစ်ရပါမယ်။

Makeup မဖျက်ပဲအိပ်ခြင်း

Makeup မဖျက်ပဲအိပ်တာက အသားအရေအရမ်းပျက်စီးပါတယ်။ အရေးအကြောင်းတွေပေါ်လာပြီး အသားအရေညစ်လာမှာပါ။ ဒီတော့ Makeup မဖျက်ပဲအိပ်တဲ့အကျင့်ကို နှစ်ဟောင်းမှာပဲ ထားခဲ့လိုက်ပါတော့။

Makeup Brush တွေကိုမသန့်စင်ခြင်း

Makeup Brush တွေကို ပုံမှန်မသန့်စင်ပဲ သုံးနေရင် ဝက်ခြံနဲ့ အဆီတွေ ဆက်တိုက်ထွက်နေမှာပါ။ 2023 မှာ အသားအရေလှဖို့၊ အသားအရေ ပိုကောင်းလာဖို့ Makeup Brush ဆေးဖို့ မပျင်းပါနဲ့။