အသားအရေနဲ့ပတ်သက်ပြီး အိုမင်းရင့်ရော်ခြင်းတွေ အမြန်ဖြစ်လာအောင် သင်ကိုယ်တိုင်ပဲ လုပ်နေမိတဲ့ အလေ့အကျင့်တွေကို ပြောပြပေးလိုက်ပါတယ်။

Facial Scrub , Exfoliate ခဏခဏလုပ်ခြင်း

Facial Scrub တို့၊ Exfoliate တို့လုပ်မှ ဆဲလ်သေတွေကွာပြီး Skin ကပိုကောင်းလာမယ်ဆိုပြီး ခဏခဏလုပ်လေ့ရှိကြပါတယ်။ ဒီလို Facial Scrub , Exfoliate တွေကို ခဏခဏလုပ်မယ်ဆိုရင် အသားအရေက အရေးအကြောင်းတွေပဲ မြန်မြန်ဖြစ်လာမှာပါ။ တစ်ပတ်ကို တစ်ခါပဲလုပ်ပေးရင် ရပါပြီ။

Moisturizing အတွက်အဓိကထားမလိမ်းမိခြင်း

တချို့က အရေးအကြောင်းတွေ မြန်မြန်မဖြစ်ချင်လို့ဆိုပြီး အရေးအကြောင်းပျောက်စေမယ့်အရာတွေကိုပဲ လျှောက်သုံးကြတယ်။ တကယ်တော့ Moisturizing အတွက် အဓိကထားပြီး သုံးပေးမယ်၊ လိမ်းပေးမယ်ဆိုရင် အသားအရေက ရေဓာတ်ပြည့်နေမှာ၊ အစိုဓာတ်ပြည့်နေမှာဖြစ်တဲ့အတွက် အရေးအကြောင်းတွေလည်း မြန်မြန်မဖြစ်စေပါဘူး။

Towel နဲ့ မျက်နှာကိုပွတ်ပြီးသုတ်ခြင်း

မျက်နှာသစ်ပြီးရင် Tower နဲ့မျက်နှာကို ဖိဖိပြီး ဖြေးဖြေးချင်းစီသုတ်ပေးရပါတယ်။ အဲ့လိုမဟုတ်ပဲ Towel နဲ့ မျက်နှာကိုပွတ်ပြီးသုတ်မယ်ဆိုရင်တော့ အသားအရေပျက်စီးစေပါတယ်။ ဒါကအလေ့အကျင့်တစ်ခုဖြစ်သွားရင် နှစ်တွေကြာတဲ့အခါမှာ အရေးအကြောင်းတွေ ပုံမှန်ထက်စောပြီး ပေါ်လာပါလိမ့်မယ်။

နေလောင်ကာ Sunscreen မလိမ်းခြင်း

နေလောင်ကာ Sunscreen မလိမ်းတာက အသက် ၂၅ လောက်ဆိုတာနဲ့ သိသာလာပါတယ်။ မျက်နှာမှာ အရေးအကြောင်းလေးတွေ နည်းနည်းပေါ်လာမယ်။ အထူးသဖြင့် နဖူး၊ မျက်လုံးအောက်နဲ့ Smile lines နေရာတွေမှာပါ။ အသက် ၃၀ ကျော်၊ ၄၀ ကျော်လောက်ဆို တင်းတိတ်နဲ့ အမဲစက်တွေပါ ထွက်လာတာနိုင်ပါတယ်။ ဒါကြောင့် အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေ မြန်မြန်မဖြစ်ချင်ရင် နေလောင်ကာ Sunscreen ကို မဖြစ်မနေ လိမ်းရပါမယ်။

ဆံပင်ချပြီးအိပ်ခြင်း

အိပ်တဲ့အခါမှာ ဆံပင်ကို ကျစ်ဆံမြီးကျစ်အိပ်တာမျိုး၊ ဖွဖွလေးစည်းအိပ်တာမျိုးလုပ်ပေးပါ။ ဆံပင်ချပြီးအိပ်တဲ့အခါ ဆံပင်မှာကပ်နေတဲ့အညစ်အကြေးတွေ၊ အဆီတွေက မျက်နှာကိုထိပြီး အသားအရေထိခိုက်ပျက်စီးလွယ်ပါတယ်။

ခေါင်းအုံးနဲ့ခေါင်းအုံးစွပ်တွေမလဲမိခြင်း

ခေါင်းအုံးကို ၆ လ ၁ ခါ လျှော်ပေးတာပဲဖြစ်ဖြစ်၊ အသစ်လဲပေးတာပဲဖြစ်ဖြစ် လုပ်ပေးပါ။ ခေါင်းအုံးစွပ်ကိုတော့ အနည်းဆုံး ၁ ပတ် ၁ ခါ လဲရပါမယ်။ ဒီလိုမလုပ်မိရင်တော့ အညစ်အကြေးနဲ့ ခေါင်းအုံးမှိုစွဲတာတွေဖြစ်ပြီး အသားအရေထိခိုက်ပျက်ဆီးစေပါတယ်။

အသီးအနှံနဲ့ဟင်းသီးဟင်းရွက်အစားနည်းခြင်း

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးရင် အသားအရေလှပြီး နုပျိုစေပါတယ်။ အထူးသဖြင့် ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ မက်မွန်သီးနဲ့ Apricot ကို များများစားပေးတာက အသားအရေအတွက် အရမ်းကောင်းပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ အစားနည်းရင်တော့ အိုမင်းရင့်ရော်ခြင်းတွေ မြန်မြန်ဖြစ်ပြီး ရုပ်ပိုရင့်စေပါတယ်။

Source: www.brightside.me