အမြဲတမ်းပင်ပန်းနေသလိုခံစားရပြီး မလန်းဆန်းပဲ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းနေသလို ခံစားမှုမျိုး ဖြစ်ဖူးကြမှာပါ။ တစ်ခါတစ်လေက ကိစ္စမရှိပေမယ့် အမြဲတမ်း ဒီလိုဖြစ်နေတယ်ဆိုရင်တော့ သင်ကိုယ်တိုင်လုပ်နေမိတဲ့ ဒီအလေ့အကျင့်တွေကြောင့်ပါပဲ။

အစားအသောက်ကို သင့်တင့်မျှတအောင်မစားတာ

အစားအသောက်ကို သေချာသင့်တင့်မျှတအောင် အချိန်နဲ့ မစားတာက ကြာလာတဲ့အခါမှာ ကျန်းမာရေးထိခိုက်စေသလို ခန္ဓာကိုယ်အတွက်လည်း လုံးဝမကောင်းပါဘူး။ မနက်စာအလွတ်ခံတာ၊ အာဟာရရှိအောင်မစားတာတွေက ကြာလာရင် ရင်တုန်ပြီး နေလို့မကောင်းတာ၊ ခေါင်းမူးပြီး မအီမလည်ဖြစ်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

Active မဖြစ်တာ

ကိုယ်တိုင်ကိုက နေတာထိုင်တာ Active မဖြစ်ပဲ ပျင်းရိနေမယ်၊ တစ်နေကုန်ခွေခေါက်နေမယ်ဆိုရင်တော့ စိတ်ရာကိုယ်ပါ ထိုင်းမှိုင်းပြီး နေမကောင်းဖြစ်ချင်သလိုလို၊ ပင်ပန်းနေသလိုမျိုး ခံစားရပါလိမ့်မယ်။

အိပ်ရေးဝအောင်အချိန်မှန်မှန်မအိပ်တာ

အိပ်ရေးဝအောင် အချိန်မှန်မှန်မအိပ်တာက စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းပြီး ပင်ပန်းသလို ခံစားရစေပါတယ်။ အိပ်ရေးပျက်တာတွေများလာရင် ခေါင်းမကြည်ပဲ နေလို့မကောင်းတာမျိုး ဖြစ်လာပါလိမ့်မယ်။

ရေကိုလုံလောက်အောင်မသောက်တာ

ရေကို လုံလောက်အောင်မသောက်တာ၊ ရေသောက်နည်းတာက အပူများပြီး ဇာတ်ကြောတက်တာ၊ ဝမ်းချုပ်ပြီး ထိုင်းမှိုင်းတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒီလိုတွေဖြစ်ရင် နေရတာ ပင်ပန်းသလို ခံစားရပါတယ်။

ဖုန်းနဲ့ကွန်ပြူတာအကြည့်များတာ

ဖုန်းနဲ့ ကွန်ပြူတာ အကြည့်များရင် အာရုံကြောထိလာပြီး ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ အန်ချင်လာတာ၊ နေရတာ မအီမသာနဲ့ ထိုင်းမှိုင်းတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒီလိုတွေဖြစ်ရင် စိတ်ရောကိုယ်ပါ ပင်ပန်းပြီး စိတ်မကြည်မလင်တွေ ဖြစ်လာပါလိမ့်မယ်။

Source: www.brightside.me