ဆံပင်အရမ်းပါးလာရင် ထပ်ပြောင်တာ၊ ဆံသားပျက်စီးတာတွေ ပိုဖြစ်စေပါတယ်။ ဒါကြောင့် သင့်ဆံပင်ကို တစ်ဖြေးဖြေးနဲ့ ပိုပါးလာအောင်လုပ်နေတဲ့ Bad Habit တွေကို ပြောပြပေးလိုက်ပါတယ်။ ဒီထဲမှာ ကိုယ်တိုင်လုပ်မိနေတာတွေ ပါရင်လည်း ဆင်ခြင်ပြီး ဆံသားကို ပြန်လည်ထိန်းသိမ်းဖို့ လိုပါတယ်။

ဆံပင်ကိုတင်းကြပ်နေအောင်စည်းခြင်း

ဆံပင်ကို အမြဲတမ်း တင်းကြပ်နေအောင် စုစည်းထားရင် ဆံပင်ကျွတ်ပြီး ဆံပင်တွေ တစ်ဖြေးဖြေးနဲ့ ပိုပါးလာမယ်၊ ထိပ်ပြောင်လာပါမယ်။

အပူချောင်းတွေသုံးခြင်း

အပူချောင်းတွေ သုံးတာကလည်း ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ဖွာပြီး ပြတ်ထွက်တာတွေ ဖြစ်စေတယ်၊ ဆံသားပျက်စီးစေပါတယ်။ ခဏခဏလုပ်ပါများလာရင် ဆံပင်ပါးလာမှာပါ။

Stress များခြင်း

Stress အရမ်းများရင်လည်း ဆံပင်တွေကျွတ်ပြီး ပါးလာစေပါတယ်။ ကိုယ်ဆံပင်ကျွတ်တာက Stress ကြောင့်ဆိုရင်တော့ Stress လျော့ကျအောင်လုပ်တာ၊ တရားထိုင်တာမျိုးတွေ လုပ်ပေးပါ။

ဆံပင်ကိုကြမ်းတမ်းစွာဖြီးခြင်း

ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ပြီးဖြီးတာကြောင့်လည်း ဆံပင်တွေနာပြီး ကျွတ်လာစေပါတယ်။ ဆံပင်ပါးရတဲ့ အကြောင်းအရင်းကတော့ ဆံပင်ကျွတ်လို့ပါပဲ။ ဒါကြောင့် ဆံပင်ကို ဖြီးတာကအစ ကြမ်းတမ်းစွာဖြီးတာမျိုး မလုပ်ပါနဲ့။

Alcohol ပါတဲ့ Hair Product တွေသုံးခြင်း

Alcohol ပါတဲ့ Hair Product တွေကလည်း ဆံပင်ကျွတ်စေတယ်၊ ဆံပင်ပါးစေပါတယ်။ ဒါကြောင့် ဒီလို Product တွေကို မသုံးပါနဲ့။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက အသားအရေ ထိခိုက်စေသလို ဆံပင်ကျွတ်တာ၊ ပါးတာတွေလည်း ဖြစ်စေပါတယ်။

ဆံပင်ကို Chemical ထိတာများခြင်း

ဆံပင်ကို ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက်၊ ချွတ်ဆေးတွေသုံးလိုက်နဲ့ Chemical ထိတာများရင်လည်း ဆံပင်ကျွတ်ပြီး ပါးလာမှာပါ။ ဆံပင်လည်း ပျက်စီးလာပါလိမ့်မယ်။