ဦးရေပြားဗောက်ထတာက ကိုယ်သုံးနေတဲ့ပစ္စည်းတွေ၊ ကိုယ်လုပ်နေမိတဲ့ အလေ့အကျင့်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဦးရေပြားဗောက်ထအောင် သင်ကိုယ်တိုင်ပြုလုပ်မိနေတဲ့ အလေ့အကျင့်ဆိုးတွေကို ပြောပြပေးလိုက်ပါတယ်။ ကိုယ်တိုင်လုပ်နေမိတာတွေရှိရင်လည်း ပြင်လို့ရသွားတာပေါ့။
ဦးရေပြားကိုခြောက်သွေ့အောင်ထားခြင်း
ဦးရေပြားခြောက်ရင် ဗောက်ထပါတယ်။ ဒါကြောင့် ဦးရေပြားကိုလည်း မျက်နှာလိုပဲ moisturize ဖြစ်အောင် လုပ်ပေးရပါမယ်။ ဘယ်လိုလုပ်ရမလဲဆိုရင်တော့ ကြက်ဥအနှစ်၊ ဒိန်ချဉ်၊ ပျားရည်၊ သံပယိုရည် စတာတွေနဲ့ ပေါင်းတင်ပေးနိုင်ပါတယ်။ တစ်ပတ်တစ်ခါလုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။
နေရောင်ခြည်ထိခြင်း
နေပူထဲသွားတိုင်း ထီးမဆောင်း၊ ဦးထုပ်မဆောင်းပဲသွားရင် နေရောင်ခြည်က ဆံသားနဲ့ ဦးရေပြားကို တိုက်ရိုက်ထိတဲ့အတွက် ဆံသားလည်းပျက်စီးစေသလို၊ ဗောက်လည်းထစေပါတယ်။
Stress များလွန်းခြင်း
Stress တွေအရမ်းများရင် ဆံပင်ကျွတ်စေသလို ဗောက်လည်းထတတ်ပါတယ်။ Stress တွေများလာရင် ယောဂကျင့်ပေးတာမျိုး၊ အနားယူတာမျိုး၊ ရေနွေးနဲ့စိမ်ပြီးရေချိုးတာမျိုး လုပ်ပေးရင် စိတ်ဖိစီးမှုတွေ Stress တွေလျော့ကျပြီး စိတ် Relax ဖြစ်စေပါတယ်။
ခေါင်းခဏခဏလျှော်မိခြင်း
ခေါင်းခဏခဏလျှော်ရင် ဦးရေပြား၊ ဆံသားမှာ ရှိသင့်တဲ့အဆီဓာတ်တွေ ဆုံးရှုံးပြီး ဦးရေပြားခြောက်တာ၊ ဆံသားခြောက်သွေ့တာတွေ ဖြစ်စေလို့ ဗောက်ထစေပါတယ်။
Conditioner မသုံးခြင်း
Shampoo နဲ့လျှော်လိုက်ရင် သဘာဝအဆီဓာတ်တွေ ဆုံးရှုံးသွားတဲ့အတွက် Conditioner က လိုအပ်တဲ့အဆီဓာတ်၊ ဗီတာမင်ဓာတ်ကို ပြန်လည်ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း Shampoo နဲ့လျှော်ပြီးတိုင်းမှာ Conditioner သုံးပေးရပါမယ်။ သတိထားရမှာကတော့ Conditioner သုံးရင် ဦးရေပြားကိုမသုံးရပါဘူး။ ဦးရေပြားကိုထိအောင်သုံးပြီး ရေနဲ့သေချာပြောင်အောင် မလျှော်နိုင်ရင် ဗောက်ထပါလိမ့်မယ်။
Hair product တွေ အရမ်းသုံးခြင်း
Gel, hair sprays စတာတွေကို ခဏခဏသုံးရင်လည်း ဦးရေပြားဂျီးတက်ပြီး ဗောက်ဖြစ်လွယ်ပါတယ်။ Dryer ကို အမြဲသုံးရင်လည်း ဦးရေပြားနဲ့ ဆံသားခြောက်သွေ့ပြီး ဗောက်ဖြစ်လွယ်ပါတယ်။
source:www.brightside.me